သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ဒဏ်ခတ်မှု အသစ် အမေရိကန် ချမှတ်


သမ္မတအိုဘားမား
သမ္မတအိုဘားမား

အမေရိကန်က အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးအစီအစဉ်နဲ့ ဆက်နွယ်နေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေကို ချမှတ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အီရန်က ဖမ်းထားတဲ့ အမေရိကန်နိုင်ငံသားတွေ ဥရောပကို ရောက်လာပြီဆိုတာ အတည်ပြုခဲ့ပြီး နာရီပိုင်းအကြာမှာ ဒီကြေညာချက်ထွက်ပေါ်ခဲ့တာပါ။

အမေရိကန်က အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံး အစီအစဉ်အတွက် ထောက်ပံ့သူတွေအဖြစ် စွပ်စွဲခံထားရတဲ့ အီရန်နိုင်ငံသား ၅ ဦးနဲ့ UAE အာရပ် စော်ဘွားများ နိုင်ငံ နဲ့ တရုတ်နိုင်ငံတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီကြီးတွေရဲ့ ကွန်ယက်တစ်ခုကို ပိတ်ဆို့အရေးယူမှာ ဖြစ်ပါတယ်။

အီရန်နိုင်ငံက ၂၀၁၅ ခုနှစ်အတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး အဝေးထိန်းဒုံးလက်နက် စမ်းသပ် ပစ်လွှတ်မှု ၂ ခုကို လုပ်ခဲ့တာအပေါ် တုံ့ပြန်တဲ့အနေနဲ့ သမ္မတအိုဘားမားအစိုးရအဖွဲ့က လူသိရှင်ကြား ပိတ်ဆို့ဒဏ်ခတ်ထားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲမှာ နျူကလီယားလက်နက်လျှော့ချရေး သဘောတူညီချက်အရ အီရန်ရဲ့ နျူကလီယားအစီအစဉ်တွေနဲ့ ဆက်နွယ်နေတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို လျှော့ချပေးဖို့ အမေရိကန်ဘက်က သဘောတူညီချက် အသက်ဝင်ခဲ့ပြီး နောက်တနေ့မှာပဲ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG