သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတနဲ့အိုဘားမား ဖုန်းဆက်စကားပြော


အမေရိကန်သမ္မတအိုဘားမား(ဝဲ)နှင့် အီရန်သမ္မတရိုဟာနီ(ယာ)
အမေရိကန်သမ္မတအိုဘားမား(ဝဲ)နှင့် အီရန်သမ္မတရိုဟာနီ(ယာ)
အမေရိကန်သမ္မတအိုဘားမားဟာ အီရန်သမ္မတ ဟာဆန် ရူဟာနီနဲ့ တယ်လီဖုန်း ဆက်သွယ်စကားပြောကြားခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလို ဆက်သွယ်ပြောကြားခြင်းဟာ နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ၁၉၇၉ ကစပြီး ပထမဦးဆုံးအကြိမ် ပြောကြားခြင်း ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ပြောကြားချက်တွေဟာ အပြုသဘောဆောင်တယ်လို့ သောကြာနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားသွားပါ တယ်။ အမေရိကန်-အီရန် နှစ်နိုင်ငံအကြား အီရန် နျူကလီယား ပြဿနာနဲ့ ပတ်သက်ပြီး အားလုံးလွှမ်းခြုံတဲ့ ပြေလည်မှုတရပ် ရရှိနိုင်တယ်လို့ ယုံကြည်ပြီး ဆွေးနွေးမှုဟာ ရှေ့ဆက်သွားနိုင်ဖွယ်ရှိတယ်လို့လည်း မစ္စတာအိုဘားမားက ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေး အပါအဝင် မဟာမိတ်တွေနဲ့လည်း နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သောကြာနေ့ အစောပိုင်းမှာတော့ မစ္စတာရူဟာနီကလည်း အီရန်နိုင်ငံရဲ့ နျူကလီယား အစီအစဉ်နဲ့ ပတ်သက်ပြီး ရေတိုမှာ အဖြေပေါ်ထွက်နိုင်တဲ့ ဆွေးနွေးမှုတွေကို အဓိက အင်အားကြီးနိုင်ငံတွေနဲ့ ပြုလုပ်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

နျူကလီးယား ပြဿနာနဲ့ ပတ်သက်လို့ ပြေလည်မှုတရပ် အစောတလျင် ရရှိနိုင်မယ်ဆိုတဲ့ အလားအလာကို မစ္စတာအိုဘားမားက စတင် ဖော်ထုတ်ပေး ခဲ့တယ်လို့ ကုလသမဂ္ဂ ညီလာခံရပ်နားချိန်မှာ အီရန်သမ္မတက သတင်းထောက်တွေကို ပြောကြားပေးခဲ့ပါတယ်။
XS
SM
MD
LG