သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်သံအမတ်ကို အီရန် နှင်ထုတ်တော့မည်


A women wearing a dress of fresh flowers designed by Zita Elze poses for photographers in the M & A Centenary Garden during media day at the Chelsea Flower Show in London.

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်အပေါ် ဒဏ်ခတ်တဲ့ အရေးယူ ပိတ်ဆို့မှုအသစ်တွေ အနောက်နိုင်ငံတွေ က ထပ်မံ ချမှတ်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်နဲ့ အီရန်အကြားက သံတမန်နဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အနိမ့်ဆုံးအဆင့်ထိ လျှော့ချသွားဖို့ အီရန်ပါလီမန်က ဆုံးဖြတ်လိုက်ပါတယ်။

အီရန်မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီး တိုင်းပြည်အတွင်းက အမြန်ဆုံးထွက်သွားရေး ဖိအားပေးလုပ်ဆောင်ဖို့ အီရန်လွှတ်တော်အမတ်တွေက ဒီကနေ့ တခဲနက် ထောက်ခံမဲ ပေးလိုက်ကြတာကြောင့် ဗြိတိန်သံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ပဲ ရှိတော့မှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံနဲ့ လက်ရှိ တည်ရှိနေတဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေကိုလည်း အနိမ့်ဆုံးအဆင့်ကို လျှော့ချမယ်လို့ ဆိုပါတယ်။

အီရန်လွှတ်တော်အတွင်း တင်သွင်းခဲ့တဲ့ အဲဒီ ဥပဒေမူကြမ်း နောက်ဆုံးအဆင့် အတည်ပြုနိုင်ဖို့အတွက် ဖွဲ့စည်းပုံအရ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အီရန်ရဲ့ အုပ်ချုပ်ရေးကောင်စီထံ ပို့လိုက်ကြပြီဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို ရပ်တန့်ဖို့ ဖိအားပေးတဲ့အနေနဲ့ အမေရိကန်က စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ အပြစ်ပေး အရေးယူနေတာကို ဗြိတိန်နိုင်ငံက ထောက်ခံခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်လွှတ်တော်က အခုလို ဆုံးဖြတ်လိုက်တာ ပါ။

အမေရိကန်၊ ကနေဒါတို့နဲ့ ပူးပေါင်းပြီး အီရန်အပေါ် ပိုမို တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ် လုပ်ဆောင်သွားမယ့်အကြောင်း ဗြိတိန်အစိုးရက အခုလ အစောပိုင်းမှာ ကြေညာခဲ့တာပါ။ အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် တည်ဆောက်နိုင်ဖို့အတွက် သုတေသနတွေ လုပ်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ တွေ့ရှိထားတဲ့အကြောင်း ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအေဂျင်စီ (IAEA) က အစီရင်ခံစာ ထုတ်ပြန်ပြီးတဲ့နောက် သီတင်းတစ်ပတ်လောက်အကြာမှာ အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတို့က အီရန်အပေါ် အရေးယူမှုအသစ်တွေ ချမှတ်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG