သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်မှာအပစ်ရပ်ဖို့ အီရန်တောင်းဆို


ယီမင်မြို့တော် ဆာနာက လက်နက်သိုလှောင်ထားတယ်လို့ အများက ယူဆနေကြတဲ့ နေရာကိုဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုကို မြင်တွေ့ရစဉ်။ (ဧပြီ ၂၁၊ ၂၀၁၅)
ယီမင်မြို့တော် ဆာနာက လက်နက်သိုလှောင်ထားတယ်လို့ အများက ယူဆနေကြတဲ့ နေရာကိုဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုကို မြင်တွေ့ရစဉ်။ (ဧပြီ ၂၁၊ ၂၀၁၅)

ရှီယာမွတ်ဆလင် Houthi သူပုန်တွေက နယ်မြေတွေကို သိမ်းပိုက်နေပြီး သမ္မတ Abd-Rabbu Mansour Hadi ကို ထောက်ပံ့ပေးထားတဲ့ ဆော်ဒီ အာရေးဗီးယား ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတဲ့ ယီမင်နိုင်ငံမှာ အပစ်အခတ် ရပ်စဲကြဖို့ အီရန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ယီမင်နိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေဆိုင်းငံ့ပြီး နိုင်ငံတွင်းက တာဝန်ရှိသူတွေအားလုံး တွေ့ဆုံဆွေးနွေးပြီး ဘက်အားလုံးပါဝင်တဲ့ အစိုးရတရပ်ကို ဖော်ဆောင်ခြင်းကသာ ယီမင်ရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းဖြစ်တယ်လို့ ဒီကနေ့ အင်္ဂါနေ့မှာပဲ အီရန်သမ္မတ Hassan Rouhani က အဆိုပြုခဲ့တာဖြစ်ပါတယ်။

အီရန်တို့ ထောက်ပံ့ပေးထားတဲ့ Houthis သူပုန်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက သိမ်းယူထားတဲ့ ယီမင်မြို့တော် Sana’a ကို သီတင်း လေးပတ်ကြာ ဗုံးကြဲတိုက်ခိုက်မှုတွေကတော့ ဒီကနေ့ အင်္ဂါနေ့မှာလည်း ဆက်ပြီး တိုက်ခိုက်နေပါတယ်။ အလားတူ ယီမင် အနောက်ပိုင်းမြို့ Ibb ကိုလည်း လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ တချိန်တည်းမှာပဲ ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာရှိနေတဲ့အမေရိကန် စစ်သဘောၤတွေနဲ့ ပူးပေါင်းဖို့ အတွက် ဒီကနေ့ အင်္ဂါနေ့မှာပဲ အမေရိကန် လေယာဉ်တင်သဘောၤ USS Theodore Roosevelt ဟာ အာရေဗျ ပင်လယ်ဆီကို ဦးတည်ခုတ်မောင်းသွား နေပါပြီ။ ဒီလို လုပ်ဆောင်ရတာဟာ အရေးပါတဲ့ပင်လယ်ကွေ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ဖွင့်ထားနိုင်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း အမေရိကန် စစ်ဌာချုပ် ပင်တဂွန်က ပြောပါတယ်။

ကုလသမဂ္ဂက Houthi သူပုန်တွေကို လက်မနက် မရောင်းချဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က တားမြစ်ခဲ့ပြီးနောက်မှာ အမေရိကန်တို့ တပ်ဖြန့်ချထားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG