သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခါမေနီနဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တွေ့ဆုံ


အီရန်နဲ့ တရုတ်နိုင်ငံအကြား စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာတွေ တိုးမြှင့် ပူးပေါင်း ဆောင်ရွက်ဖို့ အီရန်ဘာသာရေးဥသျှောင် Ayatollah Ali Khamenei က ပြောကြားလိုက်ပြီး၊ အီရန်အနေနဲ့ အနောက်နိုင်ငံတွေအပေါ် ဘယ်တုန်းကမှ ယုံကြည်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

အီရန်အနေနဲ့ ပိုပြီး သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်တဲ့ တရုတ်လို နိုင်ငံမျိုးနဲ့ တိုးမြှင့် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အမြဲတမ်း မျှော်လင့်ထားခဲ့ကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ စနေနေ့က တွေ့ဆုံစဉ် Khamenei က ပြောကြားလိုက်တာပါ။

တရုတ်သမ္မတ ရှီကျင့်ပင်ဟာ အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ ဖြစ်လာစေတဲ့ အီရန်နဲ့ သမိုင်းဝင် နျူကလီးယားသဘောတူညီချက် ရရှိခဲ့တဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံ အုပ်စုထဲက အီရန်ကို ပထမဆုံး လာရောက်လည်ပတ်တဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေကို သွားရောက်တဲ့ အစီအစဉ်ရဲ့ တစိတ်တဒေသအဖြစ်နဲ့ သမ္မတ ရှီကျင့်ပင်ဟာ အီရန်နိုင်ငံကို သောကြာနေ့ နှောင်းပိုင်းက ရောက်လာတာ ဖြစ်ပါတယ်။

သမ္မတ ရှီကျင့်ပင်ဟာ စနေနေ့ အစောပိုင်းက အီရန်သမ္မတ Hassan Rouhani နဲ့ သမ္မတအိမ်တော်မှာ အစောပိုင်းက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာတွေ တိုးမြှင့် ဆောင်ရွက်ဖို့အတွက် သဘောတူညီချက် ၁၇ ခုကို လက်မှတ် ရေးထိုးခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG