သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ပြူတာစနစ် တိုက်ခိုက်ခံရမှု ကာကွယ်ဖို့ အီရန်ကျိုးပမ်း


ကွန်ပြူတာစနစ် တိုက်ခိုက်ခံရမှု ကာကွယ်ဖို့ အီရန်ကျိုးပမ်း
ကွန်ပြူတာစနစ် တိုက်ခိုက်ခံရမှု ကာကွယ်ဖို့ အီရန်ကျိုးပမ်း

အီရန်နိုင်ငံ တခုလုံးက စက်မှုလက်မှု နယ်မြေတခုလုံးနဲ့ လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ နှိမ်နှင်းနိုင်ဖို့ အီရန် နျူကလီးယား အေဂျင်စီက ကြိုးစားနေရတယ်လို့ အီရန်သတင်း မီဒီယာတွေက ပြောပါတယ်။

Stuxnet လို့ နာမည်ရတဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်ကို ဘယ်လိုဖယ်ရှားကြမလဲ ဆိုတာကို အီရန် အနုမြူစွမ်းအင်အဖွဲ့က ကျွမ်းကျင်သူတွေ ဒီတပတ်ထဲမှာ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ အာဘော်မကင်းတဲ့ ISNA သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ အီရန်နိုင်ငံတခုလုံးက ကွန်ပျူတာတွေမှာ ပျံ့နှံ့နေပြီလို့ သတင်းစာတွေမှာလည်း ရေးသားကြပါတယ်။

ကမ္ဘာတဝန်းက စက်မှုလုပ်ငန်းဆိုင်ရာ ကွန်ပျူတာတွေကို တိုက်ခိုက်ခံရတဲ့ Stuxnet ဗိုင်းရပ်စ်ဟာ အီရန်ရဲ့ နျူကလီးယားစက်ရုံတွေ၊ အထူးသဖြင့် လည်ပတ်တာ မကြာသေးတဲ့ Bushehr စက်ရုံကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ပုံရတယ်လို့ အင်တာနက်ကွန်ယက် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အပြောကို ကိုးကားပြီး နိုင်ငံခြား သတင်းမီဒီယာတွေမှာလည်း ဖေါ်ပြကြပါတယ်။

ဒီ ကွန်ပျူတာ ဗိုင်းရပ်စ် ဝင်နေတဲ့ထဲက ၆၀% နီးပါးဟာ အီရန်က ကွန်ပျူတာတွေမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ သူတို့က Stuxnet ကွန်ပျူတာ ဗိုင်းရပ်စ်ဟာ ဓါတ်အားပေး စက်ရုံတွေလိုမျိုးကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ဖို့ လုပ်ထားတဲ့ စူပါ လက်နက်တွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

XS
SM
MD
LG