သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် ကိုဗစ်ဆေးရုံ မီးလောင်မှု လူပေါင်း ၈၀ ကျော်သေဆုံး


[ Zawgyi / Unicode ]

အီရတ်နိုင်ငံ ဘက္ကဒတ်မြို့တော်က COVID-19 လူနာတွေကုသပေးနေတဲ့ ဆေးရုံတခုမှာ အောက်စီဂျင်အိုးတလုံး ပေါက်ကွဲပြီး မီးလောင်ခဲ့တာကြောင့် အနည်းဆုံးလူ ၈၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အီရတ်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

အနာဂတ်မှာ ဒီလို ကြေကွဲဖွယ်ရာဖြစ်ရပ်မျိုး ကာကွယ်ဖို့အတွက် ဆေးရုံအားလုံးမှာ ဘေးကင်းလုံခြုံရေး အစီအမံတွေ ပြန်ပြီး သုံးသပ်ဖို့ လိုအပ်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Khalid al-Muhanna က နိုင်ငံပိုင် ရုပ်သံကို ပြောကြားခဲ့ပါတယ်။ Diyala Bridge အရပ်မှာရှိတဲ့ Ibn Khatib ဆေးရုံမှာ စနေနေ့က မီးလောင်ခဲ့တာပါ။

ဆေးရုံမီးလောင်နေချိန်အတွင်း လူနာတွေရဲ့ ဆွေမျိုးတွေက သူတို့လူနာတွေကို ကယ်တင်ဖို့ အလျန်အမြန်ကြိုးပမ်းခဲ့ကြပါတယ်။ ။ အကိုဖြစ်သူ လူနာဆီကို လာကြည့်တဲ့ လူတယောက်ရဲ့ပြောပြချက်အရဆိုရင် လူတွေဟာ မီးလွတ်ရာရှောင်ဖို့ ဆေးရုံပြူတင်းပေါက်တွေကနေ ခုံချခဲ့ကြတယ်လို့ဆိုပါတယ်။

အီရတ် ဝန်ကြီးချုပ် Mustafa al-Kadhimi ကတော့ ဒီဆေးရုံ မီးလောင်မှုကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပေါ့ဆမှု သက်သေသာဓကဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်းစတင်ဖို့နဲ့ ပေါ့လျော့ပြီး တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူနိုင်တဲ့အချိန်ထိ ဆေးရုံမန်နေဂျာ အပါအဝင် လုံခြုံရေးနဲ့ထိန်းသိမ်းစောင့်ရှောက်ရေး အကြီးအကဲတွေနဲ့ သက်ဆိုင်သူအားလုံးကို ဖမ်းဆီးဖို့ သူ့အနေနဲ့ ညွန်ကြားထားကြောင်း အီရတ်ဝန်ကြီးချုပ်ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

[ Unicode ]






XS
SM
MD
LG