သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်

A boy is pulled from beneath a collapsed wall at the Plaza Towers Elementary School following a tornado in Moore, Okla., Monday, May 20, 2013.
A boy is pulled from beneath a collapsed wall at the Plaza Towers Elementary School following a tornado in Moore, Okla., Monday, May 20, 2013.

အီရန်နိုင်ငံက ခရုစ်မစ်ဇိုင်း (cruise missle) ပဲ့ထိန်းဒုံးလက်နက်တစ်ခုကို ဒီကနေ့ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ အီရန် နျူကလီးယား အစီအစဉ် ဖြစ်ထွန်းမှုအသစ်တစ်ခု ဖြစ်သလို ဒုံးလက်နက်တစ်ခု စမ်းသပ် ပစ်လွှတ်ပြီးတစ်ရက်အကြာမှာ နောက်ထပ် ပဲ့ထိန်း ဒုံးလက်နက်ကို အခုလို စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း စမ်းသပ်လိုက်တဲ့ ခရုစ်မစ်ဇိုင်းဟာ မြေပြင်ကနေ ပင်လယ်ပြင်ထဲကို ပစ်လွှတ်တဲ့ ပဲ့ထိန်း ဒုံးလက်နက် ဖြစ်ပါတယ်။ မဟာဗျူဟာကျတဲ့ ဟောမုဇ် ရေလက်ကြားအနီး တနင်္ဂနွေနေ့ တုန်းကတော့ မြေပြင်ကနေ ဝေဟင်ပစ် တာလတ်ဒုံးလက်နက်ကို စမ်းသပ် ပစ်လွှတ်ခဲ့ပါသေးတယ်။

အီရန် နျူကလီးယား ဓါတ်ပေါင်းဖိုတွေမှာ အသုံးပြုမယ့် နျူကလီးယား လောင်စာချောင်းတွေကိုလည်း အောင်မြင်စွာ ထုတ်လုပ် စမ်းသပ်နိုင်ခဲ့တယ်လို့လည်း တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။ အဲဒီ နျူကလီးယား လောင်စာချောင်းမှာ သဘာ၀ ယူရေနီယမ်တွေ ပါဝင်ပြီး အီရန်နိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်တာကြောင့် တီဟီရန်မြို့မှာရှိတဲ့ သုတေသန နျူကလီးယား ဓါတ်ပေါင်းဖိုမှာ အသုံးပြုမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို တက္ကသိုလ်ရဲ့ အရှေ့အလယ်ပိုင်းဒေသ ရေးရာ အကဲခတ်ပုဂ္ဂိုလ် စတီဖင်(န်)ဇွန်း(စ်) (Stephen Zunes) ကတော့ အီရန်နိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ အလှမ်းဝေးသေးတာကြောင့် လုံခြုံရေးအတွက် အန္တရာယ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အီးယူ ဥရောပသမဂ္ဂတို့ကတော့ အီရန် နျူကလီးယား အစီအစဉ်ကနေ လက်နက်ထုတ်လုပ်ဖို့ လျှို့ဝှက် ကြိုးပမ်းနေတယ်လို့ ပြောဆိုနေကြပါတယ်။

This item is part of
XS
SM
MD
LG