သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒဏ်ခတ်မှုကြောင့် အီရန်ငွေ တန်ဖိုးကျ


အမေရိကန်ဒဏ်ခတ်မှုကြောင့် အီရန်ငွေ တန်ဖိုးကျ
အမေရိကန်ဒဏ်ခတ်မှုကြောင့် အီရန်ငွေ တန်ဖိုးကျ

အမေရိကန်သမ္မတ ဘရက်အိုဘားမားက အီရန်နိုင်ငံ ဗဟိုဘဏ်နဲ့ ငွေကြေးလည်ပတ်မှုအပေါ် သက်ရောက်စေတဲ့ ပိတ်ဆို့အရေးယူမှု ဥပဒေအသစ်ကို လက်မှတ်ရေးထိုးခဲ့အပြီး နှစ်ရက်အကြာမှာ အီရန်နိုင်ငံသုံး ငွေကြေးရဲ့ တန်ဖိုးဟာ ဒေါ်လာနဲ့ လဲလှယ်ရာမှာ စံချိန်တင်တဲ့အထိ ကျဆင်းသွားပါတယ်။

တနင်္လာနေ့ အီရန်နိုင်ငံသုံး ရီယယ်လ် ငွေကြေးရဲ့ တန်ဖိုးဟာ တစ်ဒေါ်လာကို ၁၇,၀၀၀ ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကနဲ့ နှိုင်းယှဉ်ရင် ၁၀% ကျဆင်းသွားတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုအသစ်ဟာ အီရန်ဗဟိုဘဏ်နဲ့ ဆက်စပ်နေတဲ့ ဘဏ္ဍာရေး လောကကို ပစ်မှတ်ထားတာဖြစ်ပြီး နိုင်ငံတကာဈေးကွက်ကို ရေနံတင်ပို့ ရောင်းချနေမှုကို သက်ရောက်မှု ရှိစေမှာဖြစ်ပါတယ်။

ဒီပိတ်ဆို့မှုဟာ အီရန်ရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးကျည် ထုတ်လုပ်ရေး အစီအစဉ်တွေအပေါ် ငွေကြေး အသုံးပြုနေမှုကို ထိခိုက်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ အရပ်ဘက် နျူကလီးယား အသုံးပြုရေး အစီအစဉ် ခေါင်းစဉ်အောက်ကနေ လျှို့ဝှက်ပြီး နျူကလီးယား လက်နက် ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ယုံကြည် နေကြပါတယ်။

ဥရောပသမဂ္ဂဟာ ဒီလကုန်ပိုင်းမှာ အီရန်အပေါ် ထပ်မံအရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ရေးအတွက် စဉ်းစားဆုံးဖြတ်ဖို့ ရှိနေတယ်လို့ သိရပြီး အီရန်ရဲ့ ရေနံတင်သွင်းမှုကို ပိတ်ပင်ရေးကိစ္စလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် အရေးယူ ပိတ်ဆို့မှုတွေ လုပ်လာမယ်ဆိုရင် ပါရှန်ပင်လယ်ကွေ့က နိုင်ငံတွေရဲ့ ရေနံတင်ပို့ရာ လမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဘာရိန်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန် အမှတ် (၅) ရေတပ်ကတော့ ဒီလုပ်ရပ်ကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG