သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း စစ်ဖြစ်နိုင်ခြေ အီရန်ပယ်ချ


 စစ်လက်နက် တပ်ဆင်ထားတဲ့ အီရန်စစ်စခန်း ( ဖေဖော်ဝါရီ ၃-၂၀၁၉)
စစ်လက်နက် တပ်ဆင်ထားတဲ့ အီရန်စစ်စခန်း ( ဖေဖော်ဝါရီ ၃-၂၀၁၉)

အီရန်အနေနဲ့ စစ်ရေးပဋိပက္ခကို မလိုလားတာကြောင့် ဒေသတွင်း စစ်ဖြစ်လာနိုင်ချေတွေကို ပယ်ချလိုက်ကြောင်း အီရန် ထိပ်တန်းသံတမန် တွေက စနေနေ့မှာ ပြောတယ်လို့ အစိုးရပိုင် IRNA သတင်းမှာဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်ခဲ့ပြီး အမေရိကန်-အီရန် ပဋိပက္ခဖြစ်လာနိုင်ချေရှိတဲ့ အပေါ် စိုးရိမ်မှုတွေ တိုးလာခဲ့ကြတာပါ။ ပင်လယ်ကွေ့ထဲက ရေနံတင်သင်္ဘောကို တိုက်ခိုက်တာ ကြုံခဲ့ရပြီးနောက် အမေရိကန်က Baghdad သံရုံးမှာရှိတဲ့ သူ့ရဲ့ သံဝန်ထမ်းတွေကို ဒီသီတင်းပတ် အစောပိုင်းက ပြန်ခေါ်ခဲ့ပါတယ်။

ကျနော်တို့က စစ်ကို မလိုလားသလို၊ အီရန်ကို ထိပ်တိုက်ဆန့်ကျင်မယ့် နိုင်ငံမျိုးလည်း ရှိမှာ မဟုတ်တာကြောင့် ဒီဒေသတွင်းမှာ စစ်ဖြစ်လာမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif က သူ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အပြီး IRNA သတင်းဌာနကို ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်ဟာ အမေရိကန် စစ်တပ်နဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်ခဲ့တာကြောင့် ဒေသတွင်းမှာ အမေရိကန် စစ်အင်အား တိုးချထားသလို၊ အီရန်အပေါ် ကြီးမားတဲ့ စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေ လုပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG