သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်တောင်ပိုင်း နျူကလီးယားစက်ရုံဒေသ ငလျင်လှုပ်


 Bushehr ဒေသက နူကလီးယားစက်ရုံ (NOV, 2019)
Bushehr ဒေသက နူကလီးယားစက်ရုံ (NOV, 2019)

[ Zawgyi / Unicode ]

အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့က ပြင်းအား (၅.၉)ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး လတ်တလောမှာ လူ အသေအပျောက် မရှိဘူးလို့ အီရန်အစိုးရပိုင် ရုပ်သံသတင်းက ကြေညာပါတယ်။ ငလျင်ဟာ အီရန်နိုင်ငံတောင်ပိုင်း နျူကလီးယား စက်ရုံရှိတဲ့ Bushehr ခရိုင်မှာ လှုပ်ခတ်ခဲ့တာပါ။

Bushehr ဒေသမှာရှိတဲ့ နျူကလီးယား စက်ရုံဝင်းထဲမှာ ထိခိုက်ပျက်စီးမှု တစုံတရာ မရှိဘူးလို့ အစိုးရတာဝန်ရှိ သူတွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဒါပေမဲ့ အဲဒီက ဒေသခံတွေ တယ်လီဖုန်းနဲ့ ရိုက်ကူးပြီး Youtube ပေါ်တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ ငလျင်ကြောင့် တောင်တွေပြိုကျ လာတာကိုကြည့်ရင်း လူတွေ အထိန့်တလန့် ဖြစ်ခဲ့ကြပါတယ်။

တောင်တွေကြားက လမ်းမတခုပေါ် မောင်းနေတဲ့ အိမ်စီးကားတစင်းကတော့ တောင်းကမ်းပါးရံ ပြိုကျနေချိန်မှာ မောင်းပြေး လွတ်မြောက်သွားခဲ့တာကို VOA မြန်မာပိုင်းက လေ့လာကြည့်ရှုရတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

ငလျင်ဟာ Bushehr ခရိုင်ထဲက Bandar Gonaveh ဒေသမှာ တနင်္ဂနွေမနက်ပိုင်းက အဓိကလှုပ်ခဲ့တာကြောင့် တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်တချို့ ပြတ်တောက်သွားပါတယ်။ ဒီငလျင်ဟာ မြေပြင်အောက် (၆)မိုင် အနက် အကွာဝေးထိ လှုပ်ခဲ့တယ်လို့ အာဏာပိုင်တွေ ပြောပေမယ့် အသေးစိတ်ကို မသိရ သေးပါဘူး။ ကယ်ဆယ်ရေးအဖွဲ့ တွေကိုတော့ စေလွှတ်ထားတယ်လို့ ပြောပါတယ်။

ငလျင် ပြတ်ရွေ့ကြောတွေ ပေါများတဲ့ အီရန်နိုင်ငံဟာ ငလျင်ဒဏ်ကို မကြာခနဆိုသလို ခံရလေ့ရှိပြီး ၊ ၂၀၀၃ ခုနှစ်က Kerman ခရိုင်မှာ လှုပ်ခတ်ခဲ့တဲ့ (၆.၆)ပြင်းအားရှိ ငလျင်ကြောင့် လူပေါင်း(၃)သောင်းကျော် သေဆုံး ခဲ့ရသလို၊ ရှေးဟောင်းမြို့တော် Bam လည်း အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။

အီရန်တောင်ပိုင်း နျူကလီးယားစက်ရုံဒေသ ငလျင်လှုပ်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်


[ Unicode ]







XS
SM
MD
LG