သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲ သဘောထားပျော့ပြောင်းသူ မဲအများဆုံးရ


အီရန်သမ္မတကိုယ်စားလှယ်လောင်း Hasan Rowhani မဲပေးနေစဉ်။ (ဇွန်လ ၁၄ ရက်၊ ၂၀၁၃)။
အီရန်သမ္မတကိုယ်စားလှယ်လောင်း Hasan Rowhani မဲပေးနေစဉ်။ (ဇွန်လ ၁၄ ရက်၊ ၂၀၁၃)။
အီရန်သမ္မတ ရွေးကောက်ပွဲရလဒ်တွေ ရေတွက်ပြီးသလောက် အလယ်အလတ်သဘောထား ရှိတဲ့ ဘာသာရေးခေါင်းဆောင် ဟက်ဆန်ရိုဟာနီ (Hassan Rowhani) က မဲအများဆုံး ရထားပါတယ်။ ပြုပြင်ပြောင်းလဲရေးသမား လည်းဖြစ်၊ အီရန် နျူကလီးယားကိစ္စ ညှိနှိုင်းရေးမှူး အကြီးအကဲလည်းဖြစ်တဲ့ မစ္စတာ ရိုဟာနီဟာ မဲ ၂၃ သန်းမှာ ၅၁ ရာခိုင်နှုန်းရထားပါတယ်။ တဟီရန်မြို့တော်ဝန် ဘဂ်ဟာ ကာလီဘဖ် (Bagher Qalibaf) ကတော့ ၁၇ ရာခိုင်နှုန်းနဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။

ရွေးကောက်ပွဲဝင်တဲ့ သမ္မတလောင်းတွေအနေနဲ့ အနိုင်ရဖို့နဲ့ လာမယ့်သောကြာနေ့မှာ လုပ်ဖို့ စီစဉ်ထားတဲ့ ဒုတိယအကြော့ မဲပေးပွဲကို ရှောင်ရှားနိုင်ဖို့ မဲ ၅၀ ရာခိုင်နှုန်းကျော်ရဖို့ လိုအပ်ပါတယ်။


ရွေးကောက်ပွဲဝင်တဲ့ သမ္မတလောင်းတွေအနေနဲ့ အနိုင်ရဖို့နဲ့ လာမယ့်သောကြာနေ့မှာ လုပ်ဖို့ စီစဉ်ထားတဲ့ ဒုတိယအကြော့မဲပေးပွဲကို ရှောင်ရှားနိုင်ဖို့ မဲ ၅၀ ရာခိုင်နှုန်းကျော်ရဖို့ လိုအပ်ပါတယ်။

မနေ့ သောကြာနေ့က ကျင်းပခဲ့တဲ့ အီရန်သမ္မတရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ သန်း ၅၀ ကျော်ရှိပြီး အီရန်သတင်းမီဒီယာတွေရဲ့ အပြောအရ မဲပေးသူ ပမာဏဟာ ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အပြီးသတ် မဲရလဒ်တွေကို ဘယ်တော့ ကြေညာနိုင်မလဲ ဆိုတာတော့ မသိရသေးပါဘူး။

သမ္မတသက်တမ်း ၂ ကြိမ်ထမ်းဆောင်ပြီးသွားတဲ့ သမ္မတ Mahmoud Ahmadinejad ရဲ့ နေရာမှာ တာဝန်ယူဖို့ အတွက် သမ္မတရွေးကောက်ပွဲကို ကျင်းပတာဖြစ်ပါတယ်။ သေသေချာချာ အကွက်ချစီစဉ်တဲ့ ရွေးကောက်ပွဲဖြစ်တာ မို့ အလယ်အလတ်ကျတဲ့ ဘာသာရေးခေါင်းဆောင် Hassan Rowhani ကို လူတွေက ပိုပြီးမဲပေးကြတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အီရန်နိုင်ငံမှာ နိုင်ငံရေးအရရော ဘာသာရေးအရပါ သြဇာအရှိဆုံးက ဘာသာရေးခေါင်းဆောင်ကြီး Ayatollah Khamenei ဖြစ်ပြီး အရေးပါတဲ့ နိုင်ငံခြားရေးနဲ့ စစ်ရေးလို မူဝါဒပိုင်းဆိုင်ရာ အဆုံးအဖြတ်တွေကို သူက ချမှတ်တာဖြစ်လို့ သမ္မတသစ်အနေနဲ့လည်း ထင်သလောက် အပြောင်းအလဲတွေ လုပ်နိုင်ပါ့မလားလို့လည်း မေးခွန်းထုတ်နေကြပါတယ်။
XS
SM
MD
LG