သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်လက်ရှိသမ္မတနဲ့ ကွန်ဆာဗေးတစ် သမ္မတလောင်း အကြိတ်အနယ်


အီရန်နိုင်ငံသမ္မတရွေးကောက်ပွဲ (မေ ၁၉-၂၀၁၇)
အီရန်နိုင်ငံသမ္မတရွေးကောက်ပွဲ (မေ ၁၉-၂၀၁၇)

အီရန်နိုင်ငံသမ္မတရွေးကောက်ပွဲ မဲရလဒ်တွေကို စတင်ရေတွက်နေပြီး စနေနေ့ကျမှ မဲရလဒ်တွေ သိရနိုင်လိမ့်မယ်လို့ အစိုးရရုပ်သံက ကြေညာထားပါတယ်။ သောကြာနေ့က ကျင်းပခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာ မဲပေးလာသူတွေများလွန်းတဲ့အတွက် မဲပေးချိန်ကို ၂ ကြိမ်တိုးခဲ့ရပါတယ်။ မဲရုံတွေကို ညနေ ၆ နာရီမှာပိတ်ဖို့ မူလကစီစဉ်ထားပေမဲ့ ည ၈ နာရီအထိ ပထမတိုးခဲ့တာတောင် မဲပေးဖို့တန်းစီစောင့်နေသူတွေကြောင့် ည ၁၀ နာရီအထိ နောက်ထပ် ၂ နာရီထပ်တိုးခဲ့ရတာပါ။

မဲပေးပိုင်ခွင့်ရှိသူ ၅၆ သန်းအတွက် နိုင်ငံတဝန်းမှာ မဲရုံပေါင်း ၆ သောင်းကျော် ဖွင့်ပေးခဲ့ရပါတယ်။ သမ္မတလောင်း စုစုပေါင်း ၄ ယောက်ပြိုင်ဆိုင်ခဲ့ကြပေမဲ့၊ လက်ရှိသမ္မတ အလယ်အလတ်ဝါဒီ Hassan Rouhani နဲ့ Conservative ဝါဒီ သဘောထားပြင်းထန်တဲ့ Ebrahim Raisi တို့ကြား အကြိတ်အနယ်ဖြစ်မယ့်ရွေးကောက်ပွဲအဖြစ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။ မဲပေးပြီးချိန်ပေါ်ထွက်ခဲ့တဲ့ စစ်တမ်းတချို့အရ သမ္မတ Rouhani အခြေအနေကောင်းမွန်နေပါတယ်။

အီရန်အပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြေလျော့စေခဲ့တဲ့ Nuclear ဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ သမ္မတ Hassan Rouhani အပေါ် ထောက်ခံသူအများအပြားလာရောက်မဲပေးခဲ့ကြပါတယ်။ ရှေးရိုးစွဲ အမြင်ရှိသူတွေကတော့ အနောက်နိုင်ငံတွေနဲ့သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့အတွက်ရော နိုင်ငံရဲ့စီးပွားရေး ကိုင်တွယ်ပုံနဲ့ပါတ်သက်လို့ပါ Mr. Rouhani ကိုဝေဖန်ထိုးနှက်ခဲ့ကြပါတယ်။

Nuclear သဘောတူစာချုပ် ချုပ်ခဲ့ပေမဲ့ နိုင်ငံရဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးလုပ်ငန်းတွေ အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရှိနေဆဲဖြစ်တာကို ထောက်ပြပြီး သမ္မတလောင်း Ebrahim Raisi ကအပြစ်တင်ခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာ ဘယ်သမ္မတလောင်းကမှ မဲ ၅၀% ကျော်မရဘူးဆိုရင် မဲအများဆုံးရတဲ့ ၂ ယောက်က ရှေ့တပါတ်မှာ ဒုတိယအကျော့ရွေးကောက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။

အီရန်လက်ရှိသမ္မတနဲ့ ကွန်ဆာဗေးတစ် သမ္မတလောင်း အကြိတ်အနယ်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG