သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ဒဏ်ခတ်မှုသစ် ချမှတ်ဖို့ EU အဆိုပြု


ဗြိတိန် ၊ ပြင်သစ်နဲ့ ဂျာမဏီ နိုင်ငံတို့က ဆီးရီးယားစစ်ပွဲအတွင်းက အီရန်ရဲ့ အခန်းကဏ္ဍ နဲ့ ပဲ့ထိန်းတပ်ဒုံးကျည် ကိစ္စတွေအတွက် အီရန်နိုင်ငံအပေါ်EU အနေနဲ့ စီးပွါးရေးပိတ်ဆို့မှု အသစ်တွေချမှတ်ဖို့အဆိုပြုလိုက်ကြောင်း လိျှု့ဝှက်စာရွက်စာတမ်းတွေအရသိရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဒါဟာ ၂၀၁၅ ခုနှစ်က အီရန်နိုင်ငံနဲ့ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုုပ်ကိုအမေရိကန်ဘက်ကဆက်လက် ထားရှိဖို့ဆွဲဆောင်တဲ့ သဘောလည်းဖြစ်ပါတယ်၊၊ ရိုက်တာသတင်းရဲ့ အဆိုအရ ဒီအဆိုပြုချက်ကို EU အဖွဲ့ဝင်မြို့တော်တွေဆီကို သောကြာနေ့က ပေးပို့ပြီး ဖြစ်တယ်လို့သိရပါတယ်၊၊

ဒီအဆိုပြုချက်ဟာ အင်အားကြီးနိုင်ငံတွေ လက်မှတ်ရေးထိုးထားတဲ့ အီရန်ကို နျူကလီးယားလက်နက်ထုတ်လုပ်မှု ပိတ်ပင်ထားတဲ့ သဘောတူညီချက်ကို ဆက်လက်ထားရှိဖို့ EU ရဲ့ မဟာဗျူဟာရဲ့ တစိတ်တဒေသလည်းဖြစ်တယ်လို့ ဆိုရမှာပါ၊၊

စီးပွါးရေး ပိတ်ဆို့မှုတွေဟာ စစ်တပ်ဖွဲ့ တွေနဲ့ တပ်မှူးတွေကို ပစ်မှတ်ထားမှာပါ၊၊ တဦးချင်းစီကို ခရီးသွားလာခွင့်ပိတ်ပင်တာတွေ၊ လုပ်ပိုင်ခွင့်တားမြစ်တာတွေအပြင် ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ စီးပွါးရေးလုပ်ကိုင်ခွင့်တွေကို တားမြစ်တဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမယ်လို့ ဒီစာရွက်စာတမ်းတွေအရသိရကြောင်း ဖော်ပြထားပါတယ်၊၊

အီရန်ရဲ့ အရှေ့အလယ်ပိုင်းက လုပ်ရပ်တွေကြောင့် မတည်ငြိမ်မှုတွေဖြစ်စေတယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေ နဲ့ စာချုပ်ပါအချက်အလက်တွေကို ပြင်ဆင်ဖို သမ္မတထရမ့်ရဲ့ တောင်းဆိုချက်တွေကိုတော့ အီရန်က ပယ်ချုထားပါတယ်၊၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG