သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေး ဒုဝန်ကြီးဟောင်း Akbari ကို အီရန် ကွပ်မျက်


FILE PHOTO: FILE PHOTO: FILE PHOTO: Akbari, Iran's former deputy defence minister, speaks in Tehran
FILE PHOTO: FILE PHOTO: FILE PHOTO: Akbari, Iran's former deputy defence minister, speaks in Tehran

အီရန်ကာကွယ်ရေး ဒုဝန်ကြီးဟောင်း အီရန်နွယ်ဖွား၊ ဗြိတိန်နိုင်ငံသား Ali Reza Akbari ကို အီရန်က ကွပ်မျက်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ် ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ Ali Reza Akbari ကို ဗြိတိန်အစိုးရအတွက် သူလျှိုလုပ်မှုနဲ့ အီရန်အစိုးရက စွဲချက်တင်ခဲ့တာပါ။ သူ့ကို ကွပ်မျက်လိုက်ပြီလို့ အီရန်က Mizan သတင်းဌာနက ဒီနေ့ စနေနေ့မှာ ကြေညာခဲ့ပေမဲ့ ဘယ်တုန်းက ကွက်မျက်လိုက်သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ဗြိတိန်နဲ့ အမေရိကန်အစိုးရတွေက သူ့ကို သတ်မပစ်လိုက်ဖို့ တိုက်တွန်းနေတဲ့ကြားက အီရန်အစိုးရက ကွပ်မျက်လိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို လုံးဝမလေးစားတဲ့ ရိုင်းစိုင်းတဲ့ အစိုးရရဲ့ ကြင်နာစိတ်ကင်းတဲ့ သူရဲဘောကြောင်လုပ်ရပ် ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Rishi Sunak က Twitter ပေါ်မှာ ဒီနေ့ပဲ ရေးသားတုံ့ပြန်ခဲ့ပါတယ်။

Ali Reza Akbari အပေါ် စွပ်စွဲချက်တွေနဲ့ သေဒဏ်ချမှတ်မှုဟာ နိုင်ငံခြားရေးအရ လုပ်တာဖြစ်ကြောင်းနဲ့ သူ့ကို ကွပ်မျက်မယ်ဆိုရင် အလွန်အမင်း အဓိပ္ပါယ်မဲ့လုပ်ရပ် ဖြစ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း သောကြာနေ့ကပဲ ပြောကြားခဲ့ပါတယ်။ Ali Reza Akbari ဟာ အီရန်နိုင်ငံသားရော၊ ဗြိတိန်နိုငံသားအဖြစ်ပါ ခံယူထားသူ ဖြစ်ပါတယ်။

သူ့ကို အီရန်အာဏာပိုင်တွေ ဖမ်းဆီးထားစဉ် ဆေးကြွေး၊ နာရီပေါင်းထောင်နဲ့ချီကြာအောင် နှိပ်စက်ပြီး၊ အတင်းအကျပ် ဝန်ခံခိုင်းတယ်ဆိုတဲ့ သတင်းတွေအတွက် အလွန်စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ဒု-ပြောခွင့်ရ Vedant Patel က ပြောကြားခဲ့ပါတယ်။

သူ မလုပ်ခဲ့တဲ့ ကိစ္စကို နှိပ်စက်ပြီး ဝန်ခံခိုင်းတဲ့တယ်လို့ Ali Reza Akbari ပြောကြားထားတဲ့ အသံကို BBC Persia ဌာနက အခုသီတင်းပတ် အစောပိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။ အီရန်အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေ အပါအဝင် ဖမ်းဆီးထားသူတွေကို အီရန်အာဏာပိုင်တွေက သေဒဏ်တွေ ချမှတ်နေပြီး၊ နိုင်ငံတဝန်း ဆန္ဒပြမှုတွေ စတင်ခဲ့ချိန်ကတည်းက ကွပ်မျက်ခဲ့သူပေါင်း ၄ ယောက် ထက်မနည်း ရှိပါတယ်။

Akbari ကိုကြိုးပေး ကွပ်မျက်မှုဟာ လူသားတွေရဲ့ အသက်ရှင်ခွင့်ကို အီရန်အာဏာပိုင်တွေ ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာဖြစ်တယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးကလည်း Twitter ပေါ်မှာ တုံ့ပြန်ဖော်ပြခဲ့ပါတယ်။

==== Unicode ====







XS
SM
MD
LG