သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ပိတ်ပင်ထားတဲ့ ရုပ်ရှင် ဗွီအိုအေ က လွှင့်ထုတ်ပြသ


Rhino Season ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ Bahman Ghobadi။ (စက်တင်ဘာလ ၁၂ ရက်၊ ၂၀၁၂)။
Rhino Season ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ Bahman Ghobadi။ (စက်တင်ဘာလ ၁၂ ရက်၊ ၂၀၁၂)။
အီရန်အစိုးရတားမြစ်ထားတဲ့ ရုပ်ရှင် ၁ ကားကို ဗွီအိုအေ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ နိုင်ငံတကာရုပ်ရှင်ဆုရ Rhino Season ဆိုတဲ့ ရုပ်ရှင်ကို အီရန်နိုင်ငံအတွက် ဂြိုလ်တုကနေထုတ်လွှင့်တဲ့ ဗွီအိုအေ ရုပ်မြင်သံကြားကနေ သောကြာနေ့တုန်းက ပြသခဲ့သလို့ အွန်လိုင်းပေါ်ကနေ ကြည့်လို့ရအောင်လည်း တင်ခဲ့ပါတယ်။

အီရန်အစိုးရက ပိတ်ပင်ထားတဲ့ ရုပ်ရှင်ကို အီရန်ပြည်သူတွေ ကြည့်နိုင်အောင် ဗွီအိုအေက ထုတ်လွှင့်ပြသဖို့ အရေးကြီးတယ်လို့ ဒါရိုက်တာ Bahman Ghobadi ကပြောပါတယ်။ ၁၉၇၉ ခုနှစ် အီရန်ေတော်လှန်ရေးကာလမှာ အကျဉ်းချခံခဲ့ရတဲ့ ကာ့ နွယ်ဖွား အီရန်ကဗျာဆရာ ဆလဲလ် (Sahel) ရဲ့အကြောင်းကို အခြေခံပြီး Rhino Season ရုပ်ရှင်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နှစ်ရှည်ထောင်ကျ ခဲ့တဲ့ ဆဟဲလ်က သူ့ရဲ့ ဇနီးနဲ့ သားသမီးတွေကို လိုက်ရှာတဲ့အကြောင်း ဖြစ်ပါတယ်။

ထောင်ထဲမှာ သေဆုံးသွားပြီလို့ မိသားစုက ထင်နေကြတဲ့ ကဗျာဆရာတယောက်ရဲ့ ကဗျာဖန်တီးမှုလို့ သူ့ရုပ်ရှင်ကို တင်စားတဲ့ ဒါရိုက်တာ ဂိုဘာဒီက ရုပ်ရှင်ပြသခွင့် ဗွီအိုအေကို လှူခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အီရန်နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ ဂိုဘာဒီရဲ့ ပထမဆုံး အီရန်နိုင်ငံအပြင်ဘက်မှာ ရိုက်ကူးတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာ ရုပ်ရှင်ဆု ၂ ခုကိုလည်း ရရှိထားပါတယ်။
XS
SM
MD
LG