သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် လေယဉ်ပျက်ကျ၊ လူ ၇၀ ကျော် သေဆုံး


Expedition 35 Flight Engineers Chris Cassidy completes a spacewalk on May 11, 2013, to inspect and replace a pump controller box on the International Space Station’s far port truss (P6) leaking ammonia coolant.
Expedition 35 Flight Engineers Chris Cassidy completes a spacewalk on May 11, 2013, to inspect and replace a pump controller box on the International Space Station’s far port truss (P6) leaking ammonia coolant.

အီရန်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသမှာ ဆိုးဝါးတဲ့ ရာသီဥတုကြောင့် တနင်္ဂနွေနေ့က အီရန်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစီး ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် ပါလာသူ ၁၀၆ ဦးထဲက အနည်းဆုံး ၇၁ ဦး သေဆုံးခဲ့ရပါတယ်။

အီရန်နိုင်ငံမြို့တော် တီဟီရန်ကနေ အနောက်မြောက်ဘက် မိုင် ၄၅၀ အကွာမှာရှိတဲ့ အူရူမီးယားမြို့နားမှာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားခဲ့ပေမဲ့ လေယာဉ်ပျက်ကျခဲ့ပြီး နောက်ထပ် ၃၅ ဦးလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ အီရန် ကြက်ခြေနီအဖွဲ့ဖြစ်တဲ့ လခြမ်းနီအဖွဲ့ အကြီးအကဲ မာမွတ် မိုဇာဖာ (Mahmoud Mozaffar) က အီရန်အစိုးရ ရုပ်သံကို ပြောကြားခဲ့ပါတယ်။

အသက်မသေ ကျန်ခဲ့တဲ့သူတွေထဲမှာ ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရသူတွေ ရှိသလို အနည်းအကျဉ်း ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ အီရန် အရာရှိတွေက ပြောပါတယ်။

ဒီ ဘိုရင်း ၇၂၇ ခရီးသည်တင် လေယာဉ်ထဲမှာ လိုက်ပါလာသူ အရေအတွက်နဲ့ ပတ်သက်ပြီး အီရန် သတင်းဌာနက အစောပိုင်းမှာ အမျိုးမျိုး ပြောခဲ့ပါတယ်။

အူရူမီးယားမြို့နားက လယ်ကွင်းထဲမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ တစစီ ဖြစ်သွားပေမဲ့ ပေါက်ကွဲမှုတော့ မဖြစ်ပွားခဲ့ဘူးလို့ မစ္စတာ မိုဇာဖာက ပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အဲဒီဒေသမှာ နှင်းတွေ ထူထူထဲထဲ ကျနေတာမို့ ကယ်ဆယ်ရေးအတွက် ကြိုးပမ်းမှုမှာ အခက်အခဲတွေ တွေ့နေရပါတယ်။

အီရန်နိုင်ငံမှာ လေယာဉ်အိုကြီးတွေနဲ့ ပြုပြင်မွမ်းမံမှု သိပ်မရှိတဲ့ လေယာဉ်တွေ သုံးနေရတာမို့ လေကြောင်း မတော်တဆ ဖြစ်ပွားမှုတွေ အများအပြား ရှိနေပါတယ်။

အီရန်နိုင်ငံကို အမေရိကန်နိုင်ငံက စီးပွားရေး ဒဏ်ခတ်မှုကြောင့် အနောက်နိုင်ငံတွေက ထုတ်တဲ့ လေယာဉ် အပိုပစ္စည်း အသစ်တွေကိုလည်း အီရန်က မဝယ်နိုင်ခဲ့ပါဘူး။

XS
SM
MD
LG