သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နိုင်ငံခြားရေးဝန်ကြီး ရာထူးက နုတ်ထွက်


၂၀၁၅ခုနှစ် နူကလီးယားသဘောတူညီချက်မှာ အရေးကြီးတဲ့နေရာ ကနေ ပါဝင်ဆောင်ရွက်ခဲ့သူ အီရန်နိုင်ငံခြားရေးဝန် ကြီး Mohammad Javad Zarif က ရာထူးနေ နုတ်ထွက်တဲ့အကြောင်း မနေ့က တနင်္လာနေ့မှာပဲ ကြေညာခဲ့ပါတယ်။

တာဝန်တွေကိုဆက်ပြီးထမ်းဆောင်နိုင်မှာမဟုတ်တော့တဲ့အပေါ် ရိုးရိုးသားသား တောင်းပန် လိုကြောင်းနဲ့ တာဝန်ထမ်း ဆောင်နေစဉ်အတွင်း အားနည်းချက် အပြစ်အနာအဆာတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြဖို့ သူ့ရဲ့ အင်စတာဂရမ် လူမှု ကွန်ယက်ကနေတဆင့် အီရန်နိုင်ငံခြားရေးဝန်ကြီးက မနေ့ကပဲ ရေးသားဖေါ်ပြခဲ့တာပါ။

သူရာထူးကအနားယူတာသေ ချာတဲ့အကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် Sayyed Abbas Moussawiက အီရန် အစိုးရပိုင် IRNA သတင်းဌာနကို အတည်ပြုချက်ပေးပါတယ်။ ဘာအကြောင်းကြောင့် အခုလိုနုတ်ထွက် သလဲဆိုတာ တော့ မပြောပါဘူး။ နိုင်ငံခြားရေးဝန်ကြီး Mohammad Zarif ရဲ့ နုတ်ထွက်မှုကို အီရန်သမ္မတ Hassan Rouhani က လက်ခံ သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရတဲ့အကြောင်း အီရန်အစိုးရနဲ့ဆက်စပ်တဲ့သတင်းဌာနတခုဖြစ်တဲ့ Fars News သတင်းဌာနကပြောပါတယ်။

Mohammad Zarifဟာ ၂၀၁၃ခုနှစ်ကတည်းက နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်က အမေရိ ကန်အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံခြောက်ခုနဲ့ အီရန်နိုင်ငံအကြား နူကလီးယားလုပ်ငန်းတွေထိမ်းချုပ်ရေး သဘော တူညီခဲ့ကြတာ ဖြစ်ပြီး Mohammad Zarifက အီရန်နိုင်ငံဘက်က ထိပ်တန်းညှိနှိုင်းရေးမှူး အဖြစ်တာဝန်ယူခဲ့တာပါ။ ဒီသဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စုက နုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ်တုန်းကပဲ သမ္မတဒေါ်နလ်ထရမ့်က ကြေညာခဲ့တာပါ။

XS
SM
MD
LG