သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ နိုင်ငံခြားရေးဝန်ကြီးကို ရာထူးမှထုတ်

ထုတ်ပယ်ခံရသည့် အီရန် နိုင်ငံခြားရေးဝန်ကြီး မာနူရှေး မိုတာကီ။
ထုတ်ပယ်ခံရသည့် အီရန် နိုင်ငံခြားရေးဝန်ကြီး မာနူရှေး မိုတာကီ။

အီရန်သမ္မတ မာမွတ် အမာဒီနီဂျတ်ဒ် (Mahmoud Ahmadinejad) က သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး မာနူရှေး မိုတာကီ (Manouchehr Mottaki) ကို ရာထူးက ထုတ်ပစ်လိုက်ပါတယ်။

မစ္စတာ မိုတာကီရဲ့ နေရာမှာ အီရန် နျူကလီးယား စေ့စပ်ရေးမှူး အလီ အက်ခ်ဘာ ဆာလေဟီ (Ali Akbar Salehi) ကို ယာယီ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။

သမ္မတ မာမွတ် အမာဒီနီဂျတ်ဒ်က မစ္စတာ မိုတာကီရဲ့ နိုင်ငံခြားရေး တာဝန်အဖြစ် တာဝန်ယူပေးနိုင်ခဲ့တာကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်တယ်လို့ အီရန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အီရန် နျူကလီးယား စေ့စပ်ရေးမှူး မစ္စတာ ဆာလေဟီဟာ သမ္မတ အမာဒီနီဂျတ်ဒ်ရဲ့ အနီးကပ် မဟာမိတ် ဖြစ်ပါတယ်။

မစ္စတာ မိုတာကီနဲ့ အီရန် လွှတ်တော်အမတ်တွေအကြား အီရန် နျူကလီးယား အရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အီရန် နျူကလီးယားအရေး နောက်ထပ် ဒဏ်ခတ်မှုတွေ ထပ်ပြီး ရှိဦးမယ်ဆိုရင် မစ္စတာ မိုတာကီကို ရာထူးက ဖြုတ်ပစ်တဲ့အထိ လွှတ်တော်အမတ်တွေက သတိပေးခဲ့ကြတယ်လို့ အီရန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG