သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူလျှိုတဦးနဲ့ အတိုက်အခံတဦး အီရန် ကြိုးပေးကွပ်မျက်


သူလျှိုတဦးနဲ့ အတိုက်အခံတဦး အီရန် ကြိုးပေးကွပ်မျက်
သူလျှိုတဦးနဲ့ အတိုက်အခံတဦး အီရန် ကြိုးပေးကွပ်မျက်

အီရန်နိုင်ငံဟာ အစ္စရေးအတွက် သူလျှိုလုပ်ပေးသူတဦး အပါအဝင် စုစုပေါင်း လူ ၂ ယောက်ကို ကြိုးမိန့်ပေးလိုက်ပြီလို့ အီရန်အစိုးရ သတင်းမီဒီယာက ဖော်ပြလိုက်ပါတယ်။

တီဟီရန်ရဲ့ အီဗင် အကျဉ်းထောင်မှာ သူလျှိုပြစ်မှု ကျူးလွန်တဲ့ အလီ အက်ခ်ဘာ ဆိုင်ယာဒတ် (Ali Akbar Siadat) ကို အင်္ဂါနေ့က ကြိုးပေးလိုက်ပြီလို့ အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက ပြောပါတယ်။

အဲဒီသတင်းဌာန အဆိုအရ ဆိုင်ယာဒတ်ဟာ အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ရယူပြီး အစ္စရေးတွေအတွက် ထိပ်တန်း စစ်ရေးသတင်းတွေကို ပေးပို့ပြီး သူလျှို လုပ်ပေးခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ဇနီးနဲ့အတူ နိုင်ငံထဲက ထွက်ပြေးဖို့ ကြိုးစားခဲ့လို့ အီရန်အာဏာပိုင်တွေက သူ့ကို ၂၀၀၈ ခုနှစ်မှာ ဖမ်းဆီးမှု မတိုင်ခင်မှာ ဆိုင်ယာဒတ်ဟာ အီရန်ရဲ့ တိုက်ခိုက်ရေး ဂျက်လေယာဉ်နဲ့ ဒုံးကျည်တွေအကြောင်း သတင်း အချက်အလက်တွေကို အစ္စရေး ထောက်လှမ်းရေးတွေကို တူရကီ၊ ထိုင်းနဲ့ နယ်သာလန် နိုင်ငံတွေမှာ တွေ့ဆုံ ပေးပို့ခဲ့တယ်လို့လည်း အဲဒီသတင်းဌာနက ဆိုပါတယ်။

ပြည်ပြေး အတိုက်အခံ အုပ်စုဝင် အလီ ဆာရီမီ (Ali Saremi) ကိုလည်း အီရန်နိုင်ငံက ကြိုးမိန့် ပေးခဲ့တယ်လို့ IRNA သတင်းဌာနက ပြောပါတယ်။

အီရန်နိုင်ငံဟာ နျူကလီးယားနိုင်ငံ ဖြစ်တယ်လို့ သမ္မတ မာမွတ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) က ကြေညာလိုက်ပါတယ်။

သူက အငြင်းပွားစရာ ဖြစ်နေတဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး တူရကီမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ တွေ့မယ့် လာမယ့် အစည်းအဝေးမှာ အီရန်နိုင်ငံက ရိုးသားတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ အသင့်ပါပဲလို့ အင်္ဂါနေ့က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG