သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ အီရတ်နယ်စပ်ငလျင် သေဆုံးသူ ၄၀၀ ကျော်


အီရန်နဲ့အီရတ်နိုင်ငံ၂ခုအကြားက တောတောင်ထူထပ်တဲ့ဒေသမှာ အင်အားပြင်းထန်တဲ့ငလျင်တခု တနင်္ဂနွေနေ့ည နေခင်းက လှုပ်ခတ်ခဲ့လို့ ဒီကနေ့အင်္ဂါနေ့ကို ဝမ်းနည်းခြင်းနေ့အဖြစ်သတ်မှတ်တယ်လို့ အီရန်အစိုးရကကြေညာပါတယ်။

ပြင်းအား၇.၃ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ တုန်ခါမှုတွေလည်းတော်တော်များများရှိခဲ့လို့ လူ၄ရာကျော် သေဆုံးပြီး ၇ထောင်လောက် ထိခိုက်ဒဏ်ရာတွေရခဲ့ကြပါတယ်။ အီရတ်ကတရားဝင်ထုတ်ပြန်တဲ့သတင်းမှာတော့ အီရတ် နိုင်ငံသားအနည်းဆုံး ၇ဦးသေဆုံးတယ်လို့ဆိုပါတယ်။

အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမီနီက ငလျင်ဒေသကို အစိုးရနဲ့စစ်ဘက်ကူညီရေးအဖွဲ့တွေချက်ချင်းစေလွှတ်ခဲ့ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အရေးပေါ်လူ နာတင်မော်တော်ယာဉ်တွေ၊ ခွဲစိတ်ကုသမှု ပစ္စည်းတွေနဲ့အတူ အရေးပေါ်ကူ ညီကယ်ဆယ်ရေးအဖွဲ့တခုကို စေလွှတ်ထား ပါတယ်။

အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ် ဟာဘီတီကလည်း ကျန်းမာရေးနဲ့ကူညီရေးလုပ်ငန်းတွေကို ငလျင်ဒေ သမှာ လိုသလောက်လုပ်ပေးကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ငလျင်ဒဏ်ခံခဲ့ရသူအများစုက အီရန်နိုင်ငံ Kermanshah ပြည် နယ် ၊ Sarpol-e- Zahab မြို့ကလူတွေဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့် တယ်လီဖုန်းနဲ့လျပ်စစ်မီးတွေပြတ် တောက်ခဲ့လို့ ကူညီကယ်ဆယ်ရေးသမားတွေအတွက် အခက်အခဲတွေကြုံနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG