သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အရေး သံတမန်နည်းနဲ့ ဖြေရှင်းဖို့ အခွင့်အလမ်း မကုန်သေး


အီရန်နိုင်ငံရဲ့ နျူကလီးယားအရေး ဆောင်ရွက်ချက်တွေ ရပ်တန့်စေဖို့ အရေးယူ ပိတ်ဆို့မှု လုပ်ဆောင်ပါလို့ အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန် သမ္မတက ပန်ကြားသွားပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က အစ္စရေး နိုင်ငံရဲ့ လုံခြုံရေးအတွက် သူက အခိုင်အမာ လုပ်ဆောင်ပါမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ယာဟူး (Benjamin Netanyahu) ကို ပြောပါတယ်။

အီရန်နိုင်ငံ နျူကလီးယား လက်နက် မပိုင်ဆိုင်နိုင်ရေး အတွက် အမေရိကန်နဲ့ အစ္စရေး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အီရန် ရဲ့ နျူကလီးယား ဆိုင်ရာ လှုပ်ရှားမှုတွေကို အမေရိကန်နဲ့ အစ္စရေး တို့ ပူးပေါင်း တုံ့ပြန်သွားမှာ ဖြစ်တဲ့အလျှောက် ဒီနှစ်အတွင်းမှာ ခက်ခဲတဲ့ လတွေနဲ့ ဆက်တိုက်ကြုံတွေ့ရဖို့ သူ ခန့်မှန်းထားပြီး ဖြစ်ကြောင်း အိမ်ဖြူတော်မှာ တနင်္လာနေ့က သီးသန့် တွေ့ဆုံဆွေးနွေးပွဲ မစမီမှာ မစ္စတာ အိုဘားမား က ပြောသွားတာပါ။ အီရန် ကတော့ သူတို့က အနုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး၊ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ နျူကလီးယား ကိစ္စရပ်တွေကို ဆောင်ရွတ်တာပါ ဆိုပြီး ငြင်းဆိုပါတယ်။ အီရန်ရဲ့ နျူကလီးယား ပဋိပက္ခကို သံတမန်ရေးအရ ဖြေရှင်းနိုင်ဖို့ အခြေအနေ ပေးပါသေးတယ်၊ ဒါမျိုးလုပ်ဆောင်ပေးဖို့ မစ္စတာ နာတန်ယာဟူး ရော သူရောက လိုလားပါတယ်လို့ အိုဘားမား က ပြောသွားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုမှာ သြဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ဆီးရီးယားကို လေကြောင်းကတိုက်ခိုက်ဖို့ တောင်းဆိုသွားပါတယ်။ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့အနေနဲ့၊ ပြီးတော့ ဆီးရီးယား အစိုးရကို ဆန့်ကျင်တဲ့သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြဖို့ ဒီလိုတောင်းဆိုရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG