သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ လက်တင် အမေရိကား လေးနိုင်ငံ ခရီးနှင်


အီရန်သမ္မတ လက်တင် အမေရိကား လေးနိုင်ငံ ခရီးနှင်

အီရန် သမ္မတ မာမွတ် အမာဒီနီဂျက် (Mahmoud Ahmadinejad) ဟာ လက်တင် အမေရိကား နိုင်ငံတွေကို ၅ ရက်ကြာခရီး တနင်္ဂနွေနေ့မှာ စတင်လိုက်ပါပြီ။ ဒီခရီးစဉ်ဟာ အီရန်ရဲ့ အငြင်းပွားဖွယ် နျူးကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် လုပ်လာတဲ့အပေါ်မှာ အီရန်အစိုးရ အကြပ်ရိုက်နေတဲ့ အနေအထားကို ပြသလိုက်တာလို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောဆိုလိုက်ပါတယ်။

မစ္စတာ အမာဒီနီဂျက်ဟာ ဗင်နီဇွဲလား (Venezuela) ကို ပထမဆုံး သွားရောက်မှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ နီကာရာဂွါ (Nicaragua) ၊ ကျူးဘား (Cuba) နဲ့ အီကွေဒေါ (Ecuador) နိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အီရန် သမ္မတက ဒီလေးနိုင်ငံက ခေါင်းဆောင်တွေကို အမျိုးသားရေး စိတ်ဓာတ်ရှိသူတွေအဖြစ် ပြောဆိုတာကို ကိုးကားပြီး အီရန် အစိုးရ သတင်းဌာနတွေက ဖော်ပြကြပါတယ်။

လတ်တလော နှစ်တွေမှာတော့ အီရန် သမ္မတဟာ လက်ဝဲယိမ်း၊ အမေရိကန် ဆန့်ကျင်ရေး လက်တင် အမေရိကား ခေါင်းဆောင်တွေ၊ အထူးသဖြင့် ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်ဇ် (Hugo Chavez) နဲ့ ပလဲနံပ သင့်နေတာအပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန် အစိုးရက ပြောဆိုပါတယ်။ သောကြာနေ့တုန်းကတော့ လက်တင် အမေရိကား နိုင်ငံတွေအနေနဲ့ အီရန်နိုင်ငံနဲ့ အရောတ၀င် မလုပ်ကြဖို့ အမေရိကန် အစိုးရ အရာရှိတွေက သတိပေးလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဗစ်တိုးရီးယား နျူလန် (Victoria Nuland) ကတော့ အီရန်အနေနဲ့ မဟာမိတ်တွေ ရလာဖို့ ဆိုတာကို မမျှော်လင့်ဖို့ ပြောဆိုလိုက်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာတော့ မစ္စတာ အမာဒီနီဂျက်ဟာ ဗင်နီဇွဲလား သမ္မတ မစ္စတာ ချားဗက်ဇ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး နီဂါရာဂွာ သမ္မတ ဒန်နီရယ် အော်တီဂါ (Daniel Ortega) ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG