သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံသတင်း ဖော်ပြတဲ့ မီဒီယာတွေ ပိတ်ဖို့ အီရန်အစိုးရ သတိပေး

အတိုက်အခံသတင်း ဖော်ပြတဲ့ မီဒီယာတွေ ပိတ်ဖို့ အီရန်အစိုးရ သတိပေး
အတိုက်အခံသတင်း ဖော်ပြတဲ့ မီဒီယာတွေ ပိတ်ဖို့ အီရန်အစိုးရ သတိပေး

အီရန်နိုင်ငံက အတိုက်အခံ ခေါင်းဆောင်နဲ့ ပတ်သက်လို့ သတင်းတွေ ဆက်လက် ဖော်ပြမယ်ဆိုရင် ပိတ်ပစ်မယ်လို့ ပြည်တွင်း သတင်းဌာနတွေကို အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

တရားမဝင်တဲ့ ခေါင်းဆောင်တွေအဖြစ် ရည်ညွှန်း သုံးစွဲပြီး ဒီလူတွေရဲ့ ပြောဆိုကြေညာချက်တွေ၊ ဓာတ်ပုံတွေကို ပုံနှိပ်ဖော်ပြတဲ့ စာစောင်တွေ အနေနဲ့ ဒါတွေကို ဆက်လုပ်နေမယ်ဆိုရင် လုပ်ငန်းတွေကို ပိတ်ပစ်ပြီး လိုင်စင်တွေကိုလည်း ပြန်သိမ်းပစ်မယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေကို ကြီးကြပ် စောင့်ကြည့်နေတဲ့ အီရန် ယဉ်ကျေးမှု ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက အစိုးရပိုင် IRNA သတင်းဌာနကို ပြောလိုက်တာပါ။

အစိုးရက ထောက်ပံ့ထားတဲ့ အီရန်သတင်းစာတွေ အနေနဲ့လည်း အစိုးရကို ထောက်ခံတဲ့ လုပ်ရပ်တွေ၊ သတင်းတွေကို မဖော်ပြဘူးဆိုရင် ပံ့ပိုးနေတာတွေကို ရပ်ဆိုင်းမယ်လို့လည်း အာဇန် ကာဇီဇဒါး (Ehsan Qazizadeh) က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သူ မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) နဲ့ မက်ဒီ ကာရူဘီ (Mehdi Karroubi) တို့အပြင် သမ္မတဟောင်း မိုဟာမက် ခါတာမီ (Mohammad Khatami) တို့ အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေ၊ သတင်းတွေကို သတင်းဌာနတွေက ဖော်ပြတာတွေ မလုပ်ဖို့ ညွှန်ကြားထားကြောင်း အတိုက်အခံတွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်ဒ်တွေက သြဂုတ်လထဲတုန်းက ဖော်ပြခဲ့ကြတာပါ။

ဒီလို မူဝါဒ ရှိတယ်ဆိုတာ တနင်္ဂနွေနေ့က ယဉ်ကျေးမှု ဝန်ကြီးဌာန အရာရှိရဲ့ မှတ်ချက်ပေး ပြောဆိုမှုက တရားဝင် အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG