သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ဆွေးနွေးပွဲ အီရန်ရှုတ်ချ


အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်တဲ့အပေါ် အီရန်သမ္မတ မာမွတ် အမာဒင်နဂျတ် (Mahmoud Ahmadinejad) က ဝေဖန် ပုတ်ခတ်လိုက်ပြီး ဆွေးနွေးပွဲ ပျက်ဆီးမှာပဲလို့ ပြောလိုက်ပါတယ်။

ပါလက်စတိုင်းတွေရဲ့ ကံကြမ္မာကို ပါလက်စတိုင်းတွေသာ ဆုံးဖြတ်နိုင်မှာဖြစ်ပြီး အနောက်တိုင်းသားတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။ ခုခံ တိုက်ခိုက်ရေး နည်းလမ်းကသာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးရအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ သူက ပြောပါတယ်။

ပါလက်စတိုင်း လူမျိုးတွေကို ထောက်ခံတဲ့နေ့အဖြစ် အီရန်နိုင်ငံမှာ သတ်မှတ်ထားတဲ့ Quds နေ့ လို့ခေါ်တဲ့ ရာမာဒန် ဥပုဒ်ကာလရဲ့ နောက်ဆုံး သောကြာနေ့ ဖြစ်တဲ့ ဒီကနေ့မှာ အီရန်ခေါင်းဆောင်က အခုလို ပြောကြားလိုက်တာပါ။ ဒီအခမ်းအနားကိုတက်လာကြတဲ့ ထောက်ခံသူတွေက မစ္စတာ အမာဒီနဂျတ်ရဲ့ မိန့်ခွန်းကို ကောင်းချီးသြဘာပေးပြီး အစ္စရေး ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတာယာဟူး (Benjamin Netanyahu) နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘက်စ် (Mahmoud Abbas) တို့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကြာသပတေးနေ့က ပြန်စပြီး နောက်တနေ့မှာ အီရန်သမ္မတက အခုလို ပြောကြားလိုက်တာပါ။

XS
SM
MD
LG