သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်က cruise missile ဒုံးကျည်အသစ်တမျိုးကို စမ်းသပ်ပစ်လွှတ်


အီရန်ကာကွယ်ရေးဝန်ကြီး Amir Hatami က နှစ်စဉ်ပုံမှန်ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ မော်စကိုညီလာခံမှာ နားကြပ်နဲ့ နာညးထောင်နေစဉ်။ (ဧပြီ ၄၊ ၂၀၁၈)
အီရန်ကာကွယ်ရေးဝန်ကြီး Amir Hatami က နှစ်စဉ်ပုံမှန်ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ မော်စကိုညီလာခံမှာ နားကြပ်နဲ့ နာညးထောင်နေစဉ်။ (ဧပြီ ၄၊ ၂၀၁၈)

အီရန်နိုင်ငံက cruise missile ဒုံးကျည်အသစ်တမျိုးကို စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဗွီဒီယိုဖိုင်တခုကို အီရန် ကာကွယ်ရေးဝန်ကြီးဌာနက ပြသလိုက်ပြီး အဲဒီဒုံးကျည်ဟာ မိုင် ၈၄၀ လောက် ပျံသန်းနိုင်တယ်လို့ ပြောပါတယ်။

အီရန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာတင်ထားတဲ့ ဗွီဒီယိုဖိုင်ဟာ ၃၇ စက္ကန့်ရှိပြီး အဲဒီ ထဲမှာ ဒုံးကျည်စမ်းသပ် ပစ်လွှတ်လိုက်တာကို ဘက်ပေါင်းစုံက ရိုက် ထားပြီးတော့ အဲဒီဒုံးကျည်ဟာ သဲကန္တာရ ထဲကနေ တနေရာရာကို ထိမှန်ခဲ့တာကို ပြသ ထားပါတယ်။ အီရန်နိုင်ငံဟာ သူတို့ရဲ့ အဓိကရန်ဘက်ဖြစ်တဲ့ အစ္စရေးလ်နဲ့ ဒေသတွင်းက အမေရိကန်စစ်အခြေစိုက်စခန်းတွေအထိရောက်အောင် မိုင် ၁၂၅၀ လောက်အထိ ပစ်နိုင်တဲ့ ဒုံးကျည်တွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

စနေနေ့က စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်သစ်ဟာ ၇၄၅ မိုင်လောက်သွားပြီး တဲ့ နောက် သူ့ရဲ့ ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Amir Hatami က ပြောပါတယ်။ ဒါ့အပြင် ဒီဒုံးကျည်ဟာ ပစ်မှတ်သေတွေကို ထိအောက် ပစ်နိုင် သလို အီလက်ထရောနစ်စစ်ပွဲအတွက်လည်း ခပ်နိမ့်နိမ့်ပျံသန်းနိုင်တယ်လို့ ပြော လိုက်ပါတယ်။

အီရန်နိုင်ငံဟာ သူတို့စစ်တပ်ရဲ့ အောင်မြင်မှုတွေကို မကြာခဏဆိုသလိုပဲ ထုတ်ပြန် ကြေညာလေ့ရှိပြီး ဒါကို သီးခြား အတည်ပြုလို့ ရတာတော့မရှိပါဘူး။ ၁၉၉၂ ခုနှစ်က စတင်ပြီး အီရန်နိုင်ငံဟာ သူတို့ဘာသာသူတို့ လက်နက်ထုတ်လုပ်တဲ့ အစီအစဉ်ကနေ လက်နက်တွေကို ထုတ်လုပ်နေပြီး အဲဒီထဲမှာ မော်တာကျည်ဆံတွေကနေ ဒုံးကျည်တွေ အထိ ပါဝင်တာဖြစ်ပါတယ်။

အီရန်က cruise missile ဒုံးကျည်အသစ်တမျိုးကို စမ်းသပ်ပစ်လွှတ်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG