သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား အစီအစဉ် တိုးတက်မှုရကြောင်း အီရန်ကြေညာ


နျူကလီးယား အစီအစဉ် တိုးတက်မှုရကြောင်း အီရန်ကြေညာ
နျူကလီးယား အစီအစဉ် တိုးတက်မှုရကြောင်း အီရန်ကြေညာ

နျုကလီးယာ စက်ရုံမှာ အသုံးပြုဖို့အတွက် လောင်စာတောင့်တွေကို အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ပြီလို့ အီရန်နိုင်ငံက ပြောပါတယ်။ တာလတ်ပစ် မြေပြင် ဝေဟင်ပစ် ဒုံးကျည် တစ်စင်းကိုလည်း မဟာဗျူဟာမြောက် ဟောမုဇ် ရေလက်ကြားအနီးမှာ စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့လည်း အီရန်က ပြောလိုက်ပါတယ်။

သဘာ၀ ယူရေနီယမ် ပါဝင်တဲ့ လောင်စာတောင့်တွေကို အီရန်မှာလုပ်ပြီး တီဟီရန်မှာရှိတဲ့ နျူကလီးယာ သုတေသန ဓာတ်ပေါင်းဖိုမှာ ထည့်သွင်း အသုံးပြုမယ်လို့ အီရန်ရုပ်မြင်သံကြားက ပြောပါတယ်။
အနောက်နိုင်ငံတွေကို ဦးနှောက်ခြောက်စေမယ့် မဟာအောင်မြင်မှု လို့ လောင်စာတောင့် ထုတ်လုပ်ရေးကို တီဟီရန် တိုင်းမ်း သတင်းစာကြီးက သုံးနှုန်း ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က စမ်းသပ်လိုက်တဲ့ ဒုံးကျည်မှာ ရေဒါကို ရှောင်ပြီး ပစ်မှတ်ကို ပစ်နိုင်တဲ့ နည်းပညာ တပ်ဆင်ထားတာ ဖြစ်တယ်လို့ နိုင်ငံတော် မီဒီယာတွေက ပြောကြပါတယ်။ အီရန် ဗဟိုဘဏ်နဲ့ လုပ်ကိုင်နေကြတဲ့ ငွေကြေး အဖွဲ့အစည်းတွေအပေါ် ပိတ်ဆို့ အရေးယူဖို့ အမေရိကန်က လုပ်လာတာကို အီရန် တာဝန်ရှိသူတွေက တချိန်တည်းမှာပဲ ဝေဖန် ပြစ်တင်လိုက်ပါတယ်။

နျူကလီးယာ အစီအစဉ်အတွက် ဘဏ္ဍာရေး ဖြည့်ဆည်းပေးနိုင်စွမ်းကို အားနည်းစေအောင် လုပ်တဲ့အနေနဲ့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက ပိတ်ဆို့ အရေးယူမှု ဥပဒေကို စနေနေ့က လက်မှတ်ရေးထိုးခဲ့တာပါ။
အမေရိကန်နဲ့ ဥရောပသမဂ္ဂက အီရန်ဟာ နျူကလီးယာ လက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ယူဆပေမဲ့ အီရန်ကတော့ ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်လို့ ပြောပါတယ်။

XS
SM
MD
LG