သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယား အစီအစဉ်သစ်တွေ မကြာခင် ကြေညာမည်


အီရန် နျူကလီးယား အစီအစဉ်သစ်တွေ မကြာခင် ကြေညာမည်
အီရန် နျူကလီးယား အစီအစဉ်သစ်တွေ မကြာခင် ကြေညာမည်

အီရန်နိုင်ငံဟာ အရေးကြီးတဲ့ နျူကလီးယား စီမံကိန်းတွေကို လာမယ့်ရက်ပိုင်းတွေအတွင်းမှာ ကြေညာမယ်လို့ တီဟီရန်မြို့တော်က အဇာဒီ လွတ်လပ်ရေး ရင်ပြင်မှာ လူထုကို မိန့်ခွန်းပြောကြားပြီးတော့ အီရန်သမ္မတ မာမွတ် အမာဒင်နဂျတ်က ပြောကြားသွားပါတယ်။ အီရန်နိုင်ငံမှာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး ဖြစ်ပွားတဲ့ (၃၃) နှစ်မြောက် အထိန်းအမှတ် အဖြစ်နဲ့ နိုင်ငံတလွှားမှာ အီရန်ပြည်သူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြတာပါ။

၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေးက အမေရိကန်တို့ ကျောထောက်နောက်ခံ ပေးထားတဲ့ သျှားဘုရင်ကို ပြုတ်ကျစေပြီး သဘောထား တင်းမာတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ လက်ထဲကို အာဏာရောက်သွားခဲ့တာပါ။ ဒီထက်ပိုပြီးတော့ သမ္မတ က နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ကြေညာမယ်ဆိုတာထက် ပိုပြီး အသေးစိတ်ကို ပြောမသွားခဲ့ပါဘူး။ အီရန်နိုင်ငံရဲ့ အငြင်းပွားနေကြတဲ့ နျူကလီးယား လုပ်ငန်းရပ်တွေနဲ့ ပတ်သက်လို့ အီရန်နဲ့ အနောက် နိုင်ငံတွေကြားမှာ တင်းမာမှုတွေ မြင့်မားနေတာဖြစ်ပါတယ်။

စစ်ရေးအရရော အရပ်ဘက်အတွက်ပါ အသုံးဝင်မယ့် ယူရေနီယံသတ္ထု သန့်စင်မှုကို အီရန်အနေနဲ့ ဆက်မလုပ်ဖို့ ဖိအားပေးတဲ့ သဘောမျိုးနဲ့ အခု သီတင်းပတ်တွေမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂက အီရန်ရဲ့ ဗဟိုဘဏ်နဲ့ ရေနံလုပ်ငန်းအပေါ်မှာ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုကို ပိုပြီးတင်ကျပ်လိုက်တာ ဖြစ်ပါတယ်။

အီရန်အရာရှိတွေဘက်ကတော့ နျူကလီးယားလက်နက် တည်ဆောက်ဖို့ လုပ်ဆောင်နေတာ မဟုတ်ပါဘူးလို့ ငြင်းဆိုနေပါတယ်။

XS
SM
MD
LG