သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား လက်နက်နည်းပညာ အီရန်တိုးတက်မှုရရှိ


နျူကလီးယား လက်နက်နည်းပညာ အီရန်တိုးတက်မှုရရှိ
နျူကလီးယား လက်နက်နည်းပညာ အီရန်တိုးတက်မှုရရှိ

အနုမြူလက်နက် မပြန့်ပွားရေးအေဂျင်စီ IAEA က အီရန်နိုင်ငံရဲ့ နျူကလီးယားလှုပ်ရှားမှုတွေကို အစီရင်ခံစာတင်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ပူပန်မှုကိုလည်း ပဲ့တင်ထပ်တယ်လို့ အိမ်ဖြူတော်က ယုံကြည်တယ်လို့ ဆိုပါတယ်။ အီရန်နိုင်ငံဟာ နိုင်ငံတကာ သဘောတူညီမှုတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်တယ်ဆိုတဲ့ အချက်ကို IAEA ရဲ့ အစီရင်ခံစာက ထောက်ခံနေတယ်လို့ အမေရိကန်အစိုးရက ယုံကြည်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးလ် (Jay Carney) က ပြောကြားပါတယ်။

အီရန်နိုင်ငံဟာ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုပါမယ်လို့ ပြောပြီးတော့ အနုမြူဗုံး လုပ်နေတာ ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပြီး အီရန်နိုင်ငံကတော့ ငြင်းဆန်ထားပါတယ်။

အီရန်ရဲ့ အနုမြူပြဿနာကို ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စုက စစ်ရေးကိုမသုံးသေးဘဲ သံတမန်နည်းကိုပဲ သုံးနေသေးတဲ့အကြောင်း မစ္စတာ ကာနေးလ်က ထပ်မံပြောကြားပါတယ်။ IAEA ရဲ့ အစီရင်ခံစာ ကြိုတင်ပေါက်ကြားသွားတာနဲ့ ပတ်သက်လို့ မစ္စတာ ကာနေးလ်က ဝေဖန်ပြောကြားခြင်း မရှိပါဘူး။

အီရန်အစိုးရဟာ အနုမြူဗုံးထုတ်လုပ်ရေးကို ရုရှားနဲ့ တခြား နိုင်ငံခြားကျွမ်းကျင်သူ သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းကြိုးပမ်းနေတာဖြစ်တယ်လို့ IAEA နဲ့ သံတမန်လောကက ရရှိထားတဲ့သတင်းတွေကို သုံးသပ်ပြီးတော့ ကောက်ချက်ဆွဲကြပါတယ်။ ဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးတော့ အီရန်သမ္မတ မာမွတ်အမာဒင်နဂျက် (Mahmoud Ahmadinejad) က အီရန်ရဲ့ အနုမြူအစီအစဉ်ဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့အတွက် ဖြစ်တဲ့အကြောင်း တုံ့ပြန်သွားပါတယ်။

XS
SM
MD
LG