သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်အရေးယူရင် နျူကလီးယားအရေး ဆွေးနွေးမှု အီရန် အဆုံးသတ်မည်


အီရန် နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကနေ ဘယ်လို ဒဏ်ခတ်အရေးယူမှု အသစ်မဆို ချမှတ်မယ်ဆိုရင် ဆွေးနွေးပွဲတွေ အဆုံးသတ်သွားစေမယ်လို့ အီရန်သမ္မတ မာ့ခ်မုဒ် အမာဒနီးဂျက် (Mahmoud Ahmadinejad) က ပြောလိုက်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဒဏ်ခတ်အရေးယူမှုတွေလုပ်၊ ပြီးတဲ့နောက် အီရန်နဲ့ ဆွေးနွေးပြောဆိုနိုင်မယ်လို့ ထင်တယ်ဆိုရင် မှားယွင်းတာပဲလို့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ကျင်းပနေတဲ့ ဒေသတွင်း ထိပ်သီး အစည်းအဝေး တခုမှာ ဒီကနေ့ အင်္ဂါနေ့က သမ္မတ အမာဒနီးဂျက် ပြောသွားတာပါ။

အီရန်က နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုတွေ ရပ်ဆိုင်းပစ်ဖို့ ငြင်းဆန်နေတဲ့အတွက် ၄ ကြိမ်မြောက် ဒဏ်ခတ် အရေးယူမှုတွေလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ရေး ပြင်ဆင်နေကြပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ လက်တွေ့အားဖြင့် သဘောတူထားကြပြီးပြီလို့ အစ္စတန်ဘူလ်မြို့မှာပဲ ထိပ်သီးညီလာခံ တက်ဖို့ ရောက်နေတဲ့ ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladamir Putin) က သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ ဒဏ်ခတ် အရေးယူမှုဟာ အလွန်အကျွံ မဖြစ်သင့်ဘူး၊ ဒါမှမဟုတ် ငြိမ်းချမ်းတဲ့ နျူကလီးယားစွမ်းအင် ရယူရေး အီရန်နိုင်ငံ သွားနေတဲ့ လမ်းကြောင်းကို အတားအဆီး မဖြစ်စေသင့်ဘူးလို့ ရုရှားဝန်ကြီးချုပ်က ပြောပါတယ်။

XS
SM
MD
LG