သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ကုလ ဒဏ်ခတ်မှုသစ် အပြင်းထန်ဆုံး ဖြစ်နိုင်

ဗုဒ္ဓဟူးနေ့မှာ မဲခွဲမယ့် လေးသုတ်မြောက် ပိတ်ဆို့အရေးယူရေး ဆုံးဖြတ်ချက်ဟာ အီရန်နိုင်ငံအနေနဲ့ ရင်ဆိုင်ခဲ့ရသမျှထဲမှာ အပြင်းထန်ဆုံး ဖြစ်လိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

ပိတ်ဆို့ အရေးယူမယ့် စာရင်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲပေးကြမှာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် အသစ်မှာ နိုင်ငံတွေ အနေနဲ့ ပိတ်ဆို့ အရေးယူမှု အသစ်တွေ၊ လိုက်နာကို လိုက်နာရမယ့် အချက်တွေ ပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဆန် ရိုက်စ် (Susan Rice) က ပြောပါတယ်။ ကောင်စီဝင် ၁၅ နိုင်ငံ ရှိတဲ့အနက် အများစု မဲပြတ်နဲ့ နိုင်လိမ့်မယ်လို့ သူမက မျှော်လင့်ပါတယ်။

ခရီးသွားလာခွင့် ပိတ်ပင်တာ၊ အီရန်ရဲ့ နျူကလီးယား ဆောင်ရွက်ချက် ဒါမှမဟုတ် တိုက်ချင်းပစ် ဒုံးပျံ လုပ်ဆောင်ချက်တွေမှာ ပတ်သက်နေသူတွေအပေါ် ငွေရေးကြေးရေးအရ မလုပ်နိုင် မကိုင်နိုင် ဖြစ်အောင် ကန့်သတ်တာ စတဲ့ အရေးယူချက်တွေ ဆုံးဖြတ်ချက်မှာ ပါဝင်မှာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်က ပစ်မှတ်ထားတဲ့လူတွေ အနက်က တယောက်ကတော့ အစ္စဖာဟန်မြို့ (Isfahan) မှာရှိတဲ့ ယူရေနီယမ် သန့်စင်ရေးဌာန ထိပ်တန်းအရာရှိ ဂျာဗတ်ဒ် ရာဟီကီ (Javad Rahiqi) ဖြစ်ပါတယ်။

ပိတ်ဆို့ အရေးယူမှုအသစ် ချမှတ်လိုက်တာနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ် ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးနေတာ ပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်လို့ အီရန်သမ္မတ မာ့မုဒ် အမာဒနီးဂျက် (Mahmoud Ahmadinejad) က သတိပေးလိုက်ပါတယ်။

This item is part of
XS
SM
MD
LG