သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရေနီယံ ၁၇ ကီလို ထုတ်လုပ်နိုင်ကြောင်း အီရန်ကြေညာ


အီရန်နိုင်ငံမှာ သန့်စင်မှု ၂၀% အဆင့်ရှိတဲ့ ယူရေနီယံ ၁၇ ကီလိုဂရမ်ကို ထုတ်လုပ်နိုင်တဲ့အကြောင်း အီရန် နျူကလီးယား အေဂျင်စီ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံ အများအပြားက အရေးယူ ဒဏ်ခတ်မှုတွေ တိုးမြှင့်လာချိန်မှာပဲ အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

အီရန်အနေနဲ့ တလကို သန့်စင်မှု ၂၀% ရှိတဲ့ ယူရေနီယံ ၅ ကီလိုဂရမ်ကို ထုတ်လုပ်နိုင်စွမ်း ရှိပေမဲ့ တီဟီရန်မြို့တော်မှာရှိတဲ့ ဆေးသုတေသန လုပ်ငန်းက နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် လိုအပ်သလောက်သာ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ အီရန် နျူကလီးယားဆိုင်ရာ အကြီးအကဲ အလီ အက်ခ်ဘာ ဆာလေဟီ (Ali Akbar Salehi) က နိုင်ငံပိုင် ISNA သတင်းဌာနကို ဒီကနေ့ပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယား လုပ်ငန်းတွေကြောင့် စီးပွားရေး ဆက်ဆံမှုတွေ မလုပ်ဖို့ တားမြစ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ စာရင်းရှည်ကြီးကို အမေရိကန် အစိုးရက ထုတ်ပြန်လိုက်ပြီး နောက်တနေ့မှာပဲ အခုလို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ တွက်ဆချက်အရ သန့်စင်မှု ၉၀% အဆင့်ရှိပြီး လက်နက်ထုတ်လုပ်နိုင်တဲ့ ယူရေနီယံတွေရဖို့ အီရန်နိုင်ငံက ကြိုးပမ်းမှာကို အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

XS
SM
MD
LG