သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်န် ျူကလီးယား သဘောတူညီမှု အသက်ဝင်တော့မည်


အီရန်နိုင်ငံတွင်းက နျူကလီးယား အဆောက်အအုံများ။
အီရန်နိုင်ငံတွင်းက နျူကလီးယား အဆောက်အအုံများ။

အီရန်နျူကလီးယား သဘောတူညီချက်ကို အမေရိကန်လွှတ်တော်က မဟန့်တားနိုင်ခဲ့တဲ့ အတွက် နောက်တလအတွင်း အီရန်ဘက်က လိုအပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီးရင် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှုတွေ ရုပ်သိမ်းပေးပြီး ဒီသဘောတူညီချက်ဟာ အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ဟာ အီရန်နျူကလီးယားသဘောတူညီချက် စတင် အသက်ဝင်နေ့ဖြစ်တယ်လို့ အကြီးတန်း အစိုးရ အရာရှိတွေက ကြာသပတေးနေ့ မှာ ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ စတင် အကျုံးဝင်တဲ့နေ့မှာပဲ အီရန်နိုင်ငံ ဟာ ထောင်နဲ့ချီတဲ့ Centrifuge လို့ခေါ်တဲ့ ဗဟိုခွာစက်တွေကို ဖျက်သိမ်းပြီး သိုလှောင်ခန်းထဲမှာ သိမ်းထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရေနီယံ သန့်စင်ရေး စက်ရုံတွေမှာလည်း ပွင့်လင်း မြင်သာမှု ရှိစေမယ့် အစီအစဉ်တွေကို အီရန်အနေနဲ့ ချမှတ်ရမှာ ဖြစ်ပါတယ်။

သဘောတူညီချက် စတင်အကျုံးဝင်တဲ့နေ့မှာ စတင်မယ့် ဖျက်သိမ်းရေး အစီအစဉ်တွေ ဘယ်လောက်ကြာမယ်ဆိုတာကတော့ အီရန်နိုင်ငံအပေါ်မှာ မူတည်နေပြီး တလလောက်တော့ ကြာနိုင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG