သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆင်မြင့် နျူကလီးယားစွမ်းရည် အီရန်ပိုင်ဆိုင်


အဆင်မြင့် နျူကလီးယားစွမ်းရည် အီရန်ပိုင်ဆိုင်
အဆင်မြင့် နျူကလီးယားစွမ်းရည် အီရန်ပိုင်ဆိုင်

အီရန်နိုင်ငံက သူ့ရဲ့ နျူကလီးယား လုပ်ငန်းတွေမှာ ထူးထူးခြားခြား တိုးတက်မှု ရနေတဲ့အကြောင်း ကြေငြာလိုက်ပါတယ်။ ယူရေနီယံ သန့်စင်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်နိုင်မယ့် ဗဟိုခွာအားစက် အမျိုးအစားသစ်နဲ့ ပြည်တွင်းမှာ ပထမဆုံးအကြိမ် နျူကလီးယား လောင်စာချောင်းတွေ ထုတ်လုပ်နိုင်ပြီ ဖြစ်တဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။

နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Natanz က စက်ရုံမှာ ကာဗွန်ဖိုင်ဘာ ဗဟိုခွာအားစက်သစ်ကို တပ်ဆင်ပြီး ဖြစ်ကြောင်းနဲ့ ယူရေနီယံ သန့်စင်မှုတွေလည်း စတင်ဆောင်ရွက် နေပြီဆိုပြီး အစိုးရနဲ့ နီးစပ်တဲ့ Fars သတင်းဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

တီဟီရန်မြို့တော်က နျူကလီးယား စက်ရုံမှာ ၂၀% သန့်စင်ပြီးသား ယူရေနီယံ လောင်စာချောင်းတွေ တပ်ဆင်နေတာကို သမ္မတ Mahmoud Ahmadinejad ကြီးကြပ်နေတဲ့ ပုံတွေကိုလည်း ဗုဒ္ဓဟူးနေ့မှာပဲ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပြသခဲ့တာပါ။ သက်တမ်း ၄၃ နှစ်ရှိပြီဖြစ်တဲ့ ဒီစက်ရုံကနေ ကင်ဆာ ရောဂါသည်တွေကို ကုသရာမှာ အသုံးပြုဖို့ နျူကလီးယား Isotope တွေကို ထုတ်လုပ် ပေးနေတာဖြစ်ပြီး၊ သိပ်မကြာခင်မှာပဲ စက်ရုံအတွက် ပြည်ပက တင်သွင်းနေရတဲ့ လောင်စာချောင်းတွေ ကုန်တော့မယ်လို့လည်း ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ ဘာသာရေး အထွတ်အမြတ်မြို့တမြို့ဖြစ်တဲ့ Qom အနီး တောင်တလုံးမှာရှိတဲ့ မြေအောက် နျူကလီးယား စက်ရုံတရုံကို သမ္မတက မကြာခင် တရားဝင်ဖွင့်လှစ်ပေးဖို့ ရှိတယ်လို့လည်း အစိုးရပိုင်သတင်းက ဖော်ပြခဲ့တာပါ။

အီရန်ရဲ့ ကြေငြာချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုကတော့ ဒါတွေဟာ ချဲ့ကားတဲ့ ပြောဆိုချက်တွေ ဆိုပြီး ပယ်ချလိုက်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ရှိနေပေမဲ့လည်း အီရန်ကတော့ နျူကလီးယား လောင်စာ ထုတ်လုပ်မှု လုပ်ငန်းတွေ အပြည့်အ၀ အောင်မြင်မှုရအောင် ဆက်လက် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG