သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် အဏုမြူဓာတ်ပေါင်းဖို လောင်စာဖြည့်ဖို့ စီစဉ်

အီရန် အဏုမြူဓာတ်ပေါင်းဖို လောင်စာဖြည့်ဖို့ စီစဉ်
အီရန် အဏုမြူဓာတ်ပေါင်းဖို လောင်စာဖြည့်ဖို့ စီစဉ်

အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ အနေနဲ့ ဘူရှာဟာ အရပ်က အဏုမြူ ဓာတ်ပေါင်းဖိုကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ လောင်စာဆီ ဖြည့်တင်းဖို့ စီစဉ်ထားတယ်လို့ အီရန် လွှတ်တော်အမတ် အယ်လ်ဒင်း ဘိုရိုဂျာဒီ (Alaeddin Boroujerdi) က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

သူဟာ အီရန် ဥပဒေပြု လွှတ်တော်အမတ်တဦး ဖြစ်ရုံမက အီရန်လွှတ်တော် အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

၁,၁၀၀ မီဂါဝပ်ရှိပြီး ရုရှားလုပ် နျူကလီးယား ဓာတ်ပေါင်းဖိုကနေ ၂၀၁၁ ခုနှစ်ကစပြီး စွမ်းအင်တွေကို ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ဒါဟာ အီရန်နိုင်ငံဟာ အဏုမြူလက်နက် ထုတ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက် မှားကြောင်းကိုပါ သက်သေပြသွားမယ့် အချက် ဖြစ်တယ်လို့ အီရန် အစိုးရက ဆိုပါတယ်။

This item is part of
XS
SM
MD
LG