သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားအရေးဆွေးနွေးပွဲ အောင်မြင်မှုမရှိ


ကာဇက်စတန်နိုင်ငံမှာကျင်းပတဲ့ အီရန်နျူကလီးယား အရေး ဆွေးနွေးပွဲ။ (ဧပြီလ ၅ ရက်၊ ၂၀၁၃)။
ကာဇက်စတန်နိုင်ငံမှာကျင်းပတဲ့ အီရန်နျူကလီးယား အရေး ဆွေးနွေးပွဲ။ (ဧပြီလ ၅ ရက်၊ ၂၀၁၃)။
အီရန်နျူကလီးယားအရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေနဲ့ အီရန်တာဝန်ရှိသူတွေအကြား ဆွေးနွေးကြရာမှာ နောက်ဆုံးတော့ အဖြေတစုံတရာမရဘဲ အဆုံးသတ်သွားတယ်လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

ကာဇက်စတန်နိုင်ငံမှာကျင်းပတဲ့ ဆွေးနွေးပွဲရဲ့ ဒုတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ကြိုးပမ်းညှိနှိုင်းခဲ့ကြပေမဲ့ အဓိက အရေးကြီးတဲ့ကိစ္စတွေမှာ သဘောတူညီမှုရရှိဖို့ အလှမ်းကွာဝေးနေဆဲပဲလို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒဆိုင်ရာ အကြီးအကဲဖြစ်တဲ့ Catherine Ashton က ပြောပါတယ်။ နောက်ထပ်တကြိမ်ဆွေးနွေးဖို့ နေရာတောင် မသတ်မှတ်နိုင်ခဲ့ဘူးလို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယားကိစ္စဆွေးနွေးညှိနှိုင်းရေးခေါင်းဆောင် Saeed Jalili ကလည်း သဘောတူညီမှု မရရှိခဲ့တာကို ထုတ်ဖော်ဝန်ခံလိုက်ပြီး၊ အီရန်နိုင်ငံအနေနဲ့ ယူရေနီယံ သန့်စင်တဲ့အလုပ်ငန်းကို လုပ်ပိုင်ခွင့်ရှိတယ်လို့ ထပ်မံပြောကြား လိုက်ပါတယ်။

အီရန်နိုင်ငံအနေနဲ့ သန့်စဉ်ပြီးယူရေနီယံထုတ်လုပ်မှုကို လျှော့ချဖြတ်တောက်မှုမလုပ်ခင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဘက်က အရင်ဆုံးလျှော့ပေါ့မှုတွေ ပြုလုပ်ပေးဖို့ အီရန်အစိုးရ မျှော်လင့်ထားကြောင်းလည်း သူက ပြောဆိုသွားပါတယ်။
XS
SM
MD
LG