သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီယား အရေး ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး


Pakistan.
Pakistan.
Switzerland နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ အီရန်နိုင်ငံနဲ့ ကမ္ဘာ့အဓိက အင်အားကြီးနိုင်ငံတွေအကြား Nuclear အရေး ဆွေးနွေးပွဲဟာ ဘာသဘော တူညီချက်မှ မရရှိဘဲ ပြီးဆုံးသွားပေမယ့် အီရန်ကတော့ ကျေနပ်မှုရှိပါတယ်လို့ ပြောသွားပါတယ်။

၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲက ‘အဆင်ပြေပါတယ်၊ ပါဝင် ဆွေးနွေးကြတဲ့ နိုင်ငံတွေအတွက် ကိုယ်စီ လုပ်ဆောင်စရာတွေ ပါသွားတယ်’-လို့ နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif က ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ညှိနှိုင်းမှုတွေပြန်စတင်ရင် သဘောတူညီချက်တခု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။ နောက်ပိုင်း တနင်္ဂနွေနေ့ မှာတော့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague က အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် နျူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး ‘သဘောတူညီချက် ရရှိနိုင်ခြေရှိပါတယ်၊ သီတင်းပတ်အနည်းငယ်အတွင်းမှာတောင် ရနိုင်ပါတယ်’-လို့ ဗြိတိသျှ ရုပ်သံဌာန တခုကို ပြောသွားပါတယ်။

ဒါပေမယ့် ညှိနှိုင်းရတာ ခက်ခက်ခဲခဲရှိတယ်လို့ Mr. Hague က ပြောပါတယ်။ အီရန်သမ္မတ Hassan Rouhani ကတော့ အီရန်မြေပေါ်မှာ ယူရေနီယံသတ္တု သန့်စင်မှုအပါအဝင် နျူကလီယားနဲ့ပတ်သတ်တဲ့ အီရန်ရဲ့အခွင့်အရေးကို ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ဒီကနေ့ပဲ Tehran မြို့တော်မှာ ပြောသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံအပြင် ဂျာမဏီနိုင်ငံ တို့က အီရန်ရဲ့ နျူကလီယားအစီအစဉ် ရပ်တံ့ရေး ကြိုးပမ်းတဲ့အနေနဲ့ အီရန်နဲ့ ဆွေးနွေးနေကြတာပါ။ အပြန်အလှန်အားဖြင့် ကုလသမဂ္ဂရဲ့ အီရန်အပေါ် အရေးယူပိတ်ဆို့မှုကို လျှော့ပေါ့ပေးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG