သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီယားဆွေးနွေးပွဲ ဇူလိုင် ၂၀၁၅ အထိ ရက်တိုး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif (ယာ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif (ယာ)

အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်ရရှိရေး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့အကြား ညှိနှိုင်း ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးရက်သပ်မှတ်ရက် ကို ရှေ့လာမည့် နှစ်ထဲအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ပြသနာတချို့မှာ တိုးတက်မှုတွေရရှိခဲ့ပြီး ကမ္ဘာကြီး လုံခြုံစိတ်ချမှုရရှိစေရေးအတွက် သဘောတူညီမှုရရှိနိုင်ဖို့ သံတမန်တွေအနေနဲ့ ကြိုးစားနေရာမှာ နီးစပ်မှုရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက ပြောပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ P5+1 အင်အားကြီးနိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှု နောက်ဆုံးရက်အဖြစ် လွန်ခဲ့တဲ့တနှစ်က သတ်မှတ်ထားခဲ့တဲ့ ရက်ဖြစ်တဲ့ တနင်္လာနေ့က ဗီယာနာမြို့မှာ ဝန်ကြီးကယ်ရီပြောသွားတာဖြစ်ပါတယ်။

အဆုံးမှာ အီရန်နိုင်ငံအနေနဲ့ အနိုင်ရရမယ်၊ သဘောတူညီမှုရသည်အထိ ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမယ်လို့ အီရန်သမ္မတ Hassan Rouhani က ပြောကြောင်း နိုင်ငံပိုင်သတင်းဌာန IRNA က ထုတ်ပြန်ပါတယ်။

ညှိနှိုင်းဆွေးနွေးသူတွေက သဘောတူညီမှုရရှိဖို့အတွက် မတ်လ ၁ ရက်နေ့အထိ လုပ်ငန်းစဉ်ချမှတ်ထားကြောင်း၊ နောက်ဆုံး သတ်မှတ်ရက်ဟာ ၂၀၁၅ ဇူလိုင်လ ၁ ရက်နေ့ ဖြစ်တယ်လို့ ဝန်ကြီးကယ်ရီက ပြောဆိုပါတယ်။

XS
SM
MD
LG