သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီယားဆွေးနွေးမှု အပြီး မပြတ်သေး


သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ အီရန်နျူကလီယားဆွေးနွေးပွဲအတွက် တွေ့ဆုံနေကြတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ-ဒု) နဲ့ ကိုယ်စားလှယ်အဖွဲ့။
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ အီရန်နျူကလီယားဆွေးနွေးပွဲအတွက် တွေ့ဆုံနေကြတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ-ဒု) နဲ့ ကိုယ်စားလှယ်အဖွဲ့။

အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား အီရန်နျူကလီယားအရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှုရဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif တို့ သြစတြီးယားနိုင်ငံ ဗီယင်နာမှာ ဒီကနေ့ ဆက်လက် ဆွေးနွေးနေပါတယ်။

ဆွေးနွေးပွဲအတွင်း တိုးတက်မှုတစုံတရာရှိပေမယ့် ပိုပြီး ပြည့်စုံတဲ့ ရလာဒ်ထွက်ပေါ်လာဖို့အတွက် တနင်္လာနေ့အထိ ရက်တိုး ဆွေးနွေးဖို့ သဘောတူညီခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတွေက သောကြာနေ့တုန်းက ပြောပါတယ်။ အကြေအလည်ဆွေးနွေးစရာ ကိစ္စရပ်နှစ်ခုကျန်နေသေးပြီး လာမယ့် အချိန်တိုအတွင်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဝန်ကြီး ကယ်ရီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သောကြာနေ့အစောပိုင်းတုန်းကမစ္စတာကယ်ရီဟာ မစ္စတာ ဇာရစ်အပြင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်ကတော့ ရက်သတ်မှတ်ထားတာမရှိဘဲ ကောင်းမွန်တဲ့ရလဒ်ကိုသာလိုချင်ပါတယ်လို့ သတင်းထောက်တွေရဲ့အမေးကို ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရက်အကန့်အသတ် သတ်မှတ်ချက်ထားပြီး လုပ်ဆောင်ဖို့ ကတော့ အမေရိကန်အတွက် လိုအပ်နေတာပါ။ အမေရိကန်အစိုးရနဲ့ လွှတ်တော်ရဲ့အစောပိုင်းသဘောတူညီချက်အရ အီရန် နျူကလီယားအရေး သောကြာနေ့နောက်ဆုံးထားပြီး အီရန်နဲ့ သဘောတူညီမှုမရရင် ရက်တိုးဆွေးနွေးဖို့ နောက်ထပ်အချိန် ရက် ၃၀ ကနေ ၆၀ အထိ တိုးမြှင့်သတ်မှတ်ရမှာပါ။

အတိုက်အခံ ရီပတ်ဘလီကင်တွေကြီးစိုးတဲ့လွှတ်တော်နဲ့ သမ္မတဘာရက်အိုဘားမား အစိုးရအကြား အီရန်အရေး လိုအပ်ရင် ရက်တိုးဆွေးနွေးဖို့ အစောပိုင်းကတည်းက သဘောတူညီချက် ရယူထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG