သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားဆွေးနွေးမှု အီရန်အလေးထားဖို့ ကလင်တန်မျှော်လင့်


နျူကလီးယားဆွေးနွေးမှု အီရန်အလေးထားဖို့ ကလင်တန်မျှော်လင့်
နျူကလီးယားဆွေးနွေးမှု အီရန်အလေးထားဖို့ ကလင်တန်မျှော်လင့်

အငြင်းပွားစရာတွေ ရှိနေတဲ့ အီရန်နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ရှေ့တပတ်ထဲ ဂျနီဗာမြို့မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့ တွေ့ဆုံဖို့ စီစဉ်ထားသလို ဆွေးနွေးပွဲတွင်း အီရန်ဘက်က အပြုသဘောနဲ့ အလေးအနက်ထား ပါဝင်ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်က သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးညီလာခံ တက်ရောက်နေတဲ့ Bahrain မြို့မှာ သောကြာနေ့က ဝန်ကြီးကလင်တန် စကားပြောခဲ့တာမှာ အီရန်အနေနဲ့ ဆွေးနွေးပွဲတွေ ပြန်စတဲ့အခါ လက်ရှိ လမ်းကြောင်းနေ ခွဲထွက်ပြီး အကောင်းဘက်က ပါဝင်လာဖို့ မျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယား လုပ်ငန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အခုထက်ပိုပြီး အလေးအနက်ထား ညှိနှိုင်း ဆောင်ရွက်ဖို့လည်း မစ္စ ကလင်တန်က တိုက်တွန်းခဲ့ပါတယ်။

တနင်္လာနေ့ပြုလုပ်မယ့် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲကို အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီ နိုင်ငံတွေနဲ့အတူ အီရန်နိုင်ငံ ပြန်လည် တက်ရောက်မှာဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံတွေအားလုံး၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေက အထူး စိုးရိမ်နေကြတာဖြစ်တယ်လို့ မစ္စကလင်တန်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အီရန်နိုင်ငံကတော့ သူ့နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်က နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG