သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ ညှိနှိုင်းမှု တိုးတက်မှုရရှိ


အီရန် နျူကလီယားဆိုင်ရာ အရာရှိချုပ်က ဆွစ်ဇာလန်နိုင်ငံက အီရန်နျူကလီးယာအရေး ဆွေးနွေးပွဲမှာ အမေရိကန်နဲ့ အခြားဆွေးနွေးဘက်နိုင်ငံတွေနဲ့ ဘုံနားလည်မှုတခု ရလိုက်ပြီလို့ ထုတ်ပြောလိုက်ပါတယ်။

ဒါပေမဲ့ ဒီနေ့နှောင်းပိုင်းမှာ ဆက်ညှိနှိုင်းရမယ့် အရေးကြီးတဲ့ သဘောထား ကွဲလွဲမှုတခုတော့ ကျန်နေသေးတယ်လို့ အီရန် နျူကလီယားဆိုင်ရာ အရာရှိချုပ် Ali Akhbar Salehi က နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ဒီနေ့ ထုတ်ပြောခဲ့ပါတယ်။

ဒီအီရန်အရာရှိ Salehi ကပဲ ဒီကျန်နေတဲ့ကိစ္စ အဖြေရသွားရင်တော့ ဒီဆွေးနွေးပွဲတွေမှာ ညှိနေတဲ့ နည်းပညာဆိုင်ရာ ကိစ္စတွေအားလုံးကို ဆွေးနွေးနေတဲ့ အဖွဲ့အားလုံးအနေနဲ့ သဘောတူညီမှု ရသွားမှာဖြစ်တယ်လို့ ဆက်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ကိစ္စ အခုလို ကျန်တာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

အခုလို အီရန်အရာရှိချုပ်ထုတ်ပြောခဲ့တာက အီရန် နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့အကြား ၂ ရက်မြောက်နေ့အဖြစ် ဒီနေ့ ဆွေးနွေးနေစဉ်မှာပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက် ဖြစ်တယ်ဆိုတာ သေချာစေပြီး၊ အီရန်ရဲ့စီးပွားရေးကို အထိနာနေတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အပြန်အလှန်အားဖြင့် လျှော့ပေါ့ပေးရေးဆိုင်ရာ သဘောတူညီချက် အကြမ်းတခုရဖို့ မနေ့ကစဆွေးနွေးခဲ့တဲ့အပေါ် ပိုမို နီးစပ်မှုရလာအောင် ဒီနေ့ ဆက်ဆွေးနွေး နေကြတာပါ။

အကြီးတန်း အမေရိကန် တာဝန်ရှိသူတဦးကတော့ ဒီသဘောတူညီချက် မူဘောင်တခုကို သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ဒီလကုန်မှာ ရနိုင်၊ မရနိုင်ဆိုတာက မသေချာဘူးလို့ မနေ့ တနင်္လာနေ့တုံးကတော့ ထုတ်ပြောခဲ့တယ်။

အမည်မဖော်လိုတဲ့ ဒီအရာရှိကြီးက ခုလိုသဘောတူညီချက်ရဖို့ဆိုရင် မဖြစ်မနေလိုအပ်နေတဲ့ အချက်တွေကို အီရန်ဘက်ကနေ လိုက်လျောပေးဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ပေးရလိမ့်မယ်လို့ သတင်းထောက်တွေကို ထုတ်ပြောခဲ့ပါတယ်။

XS
SM
MD
LG