သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအခွင့်အရေး အီရန်အလျှော့ပေးမည်မဟုတ်


အီရန်နိုင်ငံအနေနဲ့ သူ့ရဲ့ နျူးကလီးယား ပိုင်ဆိုင်ခွင့်ကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီ ဟာမေနီ က ပြောလိုက်ပါတယ်။ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၆ နိုင်ငံက စေ့စပ်ဆွေးနွေးသူတွေ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့က ထပ်မံ တွေ့ဆုံခဲ့တဲ့ တချိန်တည်းမှာပဲ သူက အဲဒီလို ပြောလိုက်တာဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ နျူးကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးဆွေးနွေးပွဲ မတိုင်ခင်မှာ - အီရန်အနေနဲ့ ဒီထက်မလျှော့နိုင်ဘူးဆိုတာကို သူရဲ့ စေ့စပ်ဆွေးဆွေးနွေးသူတွေကို ပြောထားပြီးဖြစ်တယ်လို့ အယာတိုလာ အလီ ဟာမေနီက ပြောပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံအနေနဲ့ အမေရိကန်အပါအဝင် တခြားနိုင်ငံအားလုံးနဲ့ ချစ်ခင်ရင်းနှီးမှှု ရချင်တယ်လို့ ပြောပါတယ်။
အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီ ဟာမေနီ
အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီ ဟာမေနီ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမနီနိုင်ငံတွေက ကြားဖြတ် သဘောတူညီချက်တခု ချမှတ်နိုင်ဖို့အတွက် လိုလားနေပါတယ်။ အဲဒီကြားဖြတ် သဘောတူညီချက်အရ အီရန်နိုင်ငံက သူတို့ရဲ့ ယူရေနီယံ သန့်စင်တဲ့လုပ်ငန်းတချို့ကို ရပ်ဆိုင်ပြီး၊ နောက်ထပ် စစ်ဆေးမှုတွေကို လက်ခံဖို့၊ အပြန်အလှန်အားဖြင့် ဒါကို တုန့်ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းပေးသွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေ မတိုင်ခင်မှာတော့ ၂ ဘက်စလုံးက သဘောတူညီချက်ရဖို့ မျှော်လင့်တယ်လို့ ဖော်ပြကြပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နျူကလီးယား ဆွေးနွေးရေး အကြီးအကဲဖြစ်သူ Javad Zarif က သဘောတူညီချက် ရနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ဗွီဒီယိုကနေတဆင့် youtube အင်တာနက် စာမျက်နှာမှာ ပြောထားပါတယ်။

အခုလ အစောပိုင်းက နောက်ဆုံးအကြိမ် ဆွေးနွေးပွဲမှာ သိသာတဲ့ တိုးတက်မှု ရရှိခဲ့တယ်ဆိုတာကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်နဲ့ အီရန်သမ္မတ ရူဟာနီ အင်္ဂါနေ့က ဖုန်းပြောစဉ်မှာ သဘောတူခဲ့ကြတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
XS
SM
MD
LG