သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး အနောက်နိုင်ငံကြီးတွေကို အီရန်ခေါင်းဆောင် ရှုတ်ချ


အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei
အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ ကိုလိုနီဝါဒီ အင်အားကြီးနိုင်ငံတွေဟာ အီရန်ရဲ့ နျူကလီးယားအရေး ညှိနှိုင်းမှုတွေအတွင်းမှာ အီရန်ကို ဒူးထောက်လာအောင်လုပ်တဲ့ ကြိုးပမ်းချက်တွေ မအောင်မမြင်ဖြစ်သွားပြီလို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။

အီရန်ရဲ့ နျူကလီးယားအရေး ဆွေးနွေးပွဲတွေကို နောက်နှစ်လည်အထိ ဆက်လုပ်သွားဖို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ သဘောတူလိုက်ပြီးတဲ့နောက်မှာ အခုလို သူ့ရဲ့အင်တာနက် ဝပ်ဆိုဒ်မှာ ဒီကနေ့ တင်ထားတဲ့ မှတ်ချက်က မစ္စတာ Khamenei ရဲ့ ပထမဆုံး ထွက်လာတဲ့ မှတ်ချက်ဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့အတွက် အီရန်ရဲ့ နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာပါဆိုတာ သေချာစေမယ့် သဘောတူညီချက်တရပ် နှစ်ဘက်ကြား ညှိနှိုင်းခဲ့တာမှာ မအောင်မြင်လို့ အခုလို ရက်တိုးရတာ ဖြစ်ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ ဂျာမနီ နိုင်ငံတို့ပါဝင်တဲ့ P-5 puls 1 အဖွဲ့နဲ့ အီရန်တို့ဟာ ကာလရှည်ကြာ ညှိနှိုင်းလာခဲ့တဲ့ ဒီကိစ္စမှာ အရင်တုန်းတွေကထက် ပိုနီးစပ်လာပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။ ဖြေရှင်းလို့မရသေးတဲ့ အခက်ခဲဆုံး ကိစ္စရပ်တချို့ ဆိုတာတွေမှာ တိုးတက်မှုရှိတယ်လို့ မစ္စတာ Kerry က ပြောပါတယ်။

XS
SM
MD
LG