သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား သဘောတူညီမှု ကန့်သတ်ရက်ကျော်ဆွေးနွေး


ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံတို့အကြား ပြုလုပ်နေတဲ့ အီရန်နျူကလီးယားအရေးဆိုင်ရာ ဆွေးနွေးပွဲတွေဟာ ဗုဒ္ဓဟူးနေ့အထိ သက်တမ်းတိုးရမယ့်အထိ တိုးတက်မှုတွေ ရရှိနေပြီလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ Lausanne မြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲတွေကနေ အီရန်နျူကလီးယားအရေးနဲ့ ပတ်သက်လို့ အင်္ဂါနေ့ည သန်းခေါင်မတိုင်ခင်မှာ အခြေခံမူဘောင်ဆိုင်ရာ သဘောတူညီချက် ရနိုင်ဖို့ ညှိနှိုင်း ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အခြေခံမူဘောင်နဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေအပေါ် နှစ်ဘက် သဘောထား ကွဲပြားမှုတွေ ဖြစ်နေတာပါ။

အီရန်နိုင်ငံအနေနဲ့ သဘောထားကွဲပြားနေတဲ့ အချက်တွေ ပြေလည်ပြီး သဘောတူညီချက် ရတဲ့အထိ ဆက်လက် ဆွေးနွေးသွားမှာဖြစ်ကြောင်း အီရန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က အဖွဲ့ဝင် Hamid Baidinejad က အင်္ဂါနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ယူရေနီယံ သန့်စင်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ သဘောတူညီချက်ကို ဘယ်နှစ်နှစ် သတ်မှတ်မလဲ၊ အီရတ်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဘယ်လောက် မြန်မြန် ရုပ်သိမ်းပေးမလဲ၊ တကယ်လို့ အီရတ်ဘက်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့ရင် ဘယ်လို အရေးယူမလဲဆိုတဲ့ အချက်တွေနဲ့ပတ်သက်လို့ သဘောထားကွဲပြားနေကြတာ ဖြစ်ပါတယ်။

နှစ်ဘက် စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ သဘောတူညီချက် ရနိုင်ဖို့အတွက် Lausanne မြို့မှာ သီတင်းပတ် တပတ်လောက်အထိ ဆက်တိုက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG