သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားအရေး သဘောတူညီချက်ရ


သဘောတူညီချက်ကို ကြေညာနေသည့် EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Federica Mogherini (ဝဲ) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Sarif။ ဧပြီ ၂၊ ၂၀၁၅။
သဘောတူညီချက်ကို ကြေညာနေသည့် EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Federica Mogherini (ဝဲ) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Sarif။ ဧပြီ ၂၊ ၂၀၁၅။

အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံတို့အကြား ကနဦးသဘောတူညီချက်တခု အတွက် အဓိက သတ်မှတ်ချက်တွေအပေါ် သဘောတူလိုက်ကြပါပြီ။ ဆွစ်ဇာလန်နိုင်ငံ၊ Lausanne မြို့မှာ ရှစ်ရက်ကြာ ဆွေးနွေး ပြီးတဲ့နောက် အခုလို သဘောတူညီချက် ရသွားတာပါ။

ဒီ အရေးပါတဲ့ဆုံးဖြတ်ချက်ကနေ ဇွန်လ ၃၀ ရက်အမီ နောက်ဆုံး သဘောတူညီချက်တခုရဖို့ အခြေခံတွေ ချမှတ်ပေးမယ်လို့ ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Federica Mogherini က ကြာသပတေးနေ့မှာပြောပါတယ်။

ဒီသဘောတူညီချက်အရ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ လုပ်ဆောင်ချက်တွေကို ကန့်သတ်လိုက်တာကြောင့် Natanz နေရာတခု ပဲ ယူရေနီယမ်သန့်စင်တဲ့နေရာအဖြစ် ရှိတော့မယ်လို့ Mogherini ကပြောပါတယ်။ အီရန်ဘက်ကလုပ်ဆောင်ချက်ကို အတည်ပြု နိုင်ပြီဆိုတာနဲ့ EU နဲ့ အမေရိကန်ပြည်ထောင်စုတို့က ချမှတ်ထားတဲ့ စီးပွားရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုအားလုံးကို ရုပ်သိမ်း ပေးဖို့ သဘောတူညီချက်ထဲမှာ ပါတယ်လို့လည်း သူကပြောပါတယ်။

ဒါပေမဲ့လည်း အကြမ်းဖက်မှုကို အားပေးလို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိလို့ စသည်အားဖြင့် ချမှတ်ထားတဲ့ တခြား ဒဏ်ခတ် အရေးယူမှုတွေကတော့ ဆက်ရှိနေမယ်လို့ Lausanne မြို့မှာ သဘောတူညီချက်ရအပြီး သိပ်မကြာခင်မှာပဲ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကပြောသွားပါတယ်။

XS
SM
MD
LG