သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒဏ်ခတ်မှုသစ် အီရန်ကန့်ကွက်


အီရန်သမ္မတ Hassan Rouhani
အီရန်သမ္မတ Hassan Rouhani

အီရန်ရဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်တဲ့ အစီအစဉ်ကြောင့် အမေရိကန်အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအသစ် ချမှတ်လိုက်တာဟာ တရားဝင်မှုမရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံဘက်က သူ့ရဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အစီအစဉ်ကို တိုးမြင့် လုပ်ဆောင်သွားမှာအပြင်နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်တွေကိုလည်း မြင့်တင်သွားပြီး ဒီပိတ်ဆို့ဒဏ်ခတ်မှုကို တုန့်ပြန်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hossein Jaber Ansari က ဒီကနေ့မှာ ပြောလိုက်တာပါ။

လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းက ပဲ့ထိန်းတပ်ဒုံးကျည်၂ ခုကို ကို အီရန်နိုင်ငံက စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ လုံခြုံရေးဆိုင်ရာ ပြဌာန်းချက်ကို ချိုးဖောက်လိုက်တာဆိုပြီး အမေရိကန်နဲ့ အင်အားကြီးအနောက်နိုင်ငံအချို့ကပြစ်တင်ရှုံ့ချခဲ့ကြပါတယ်။ အီရန်ဘက်ကတော့ သူ့နိုင်ငံလုံခြုံရေး အတွက် စမ်းသပ်မှုလုပ်တာဆိုပြီး ကာကွယ်ပြောဆိုပါတယ်။

အီရန်နိုင်ငံသား ၅ ဦးနဲ့ ကုမ္ပဏီတွေ ပါဝင်တဲ့ ကွန်ယက်တခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်ဘက်က တနင်္ဂနွေနေ့မှာ ချမှတ်လိုက်တာဖြစ်ပါတယ်။ အီရန်ရဲ့ပဲ့ထိန်းတပ်ဒုံးပျံအစီအစဉ်နဲ့ ပတ်သက်ပြီး သူ့အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် ကြပ်မတ်သွားမှာဖြစ်တယ်လို့လည်း အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောဆိုပါတယ်။

XS
SM
MD
LG