သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် လူနေရပ်ကွက်ပေါ် လေယာဉ်ပျက်ကျ


အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေက လေယာဉ်ပျက်နားကပ်လာတဲ့ သတင်းထောက်တွေကို တားမြစ်နေစဉ်။ (သြဂုတ် ၁၀၊ ၂၀၁၄)
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေက လေယာဉ်ပျက်နားကပ်လာတဲ့ သတင်းထောက်တွေကို တားမြစ်နေစဉ်။ (သြဂုတ် ၁၀၊ ၂၀၁၄)

အီရန်နိုင်ငံ တီဟီရန်မြို့တော်အနီး မာရာဘက် (Mehrabab) လေဆိပ်မှာ အီရန်နိုင်ငံလုပ် လေယာဉ်တစ်စီး ဒီကနေ့မှာ ပျက်ကျတဲ့အတွက် အနည်းဆုံး လူ ၃၉ သေဆုံးပြီး ကိုးဦး ဒဏ်ရာရသွားတယ်လို့ အီရန် ပို့ဆောင်ရေး တာဝန်ရှိသူတွေနဲ့ နိုင်ငံပိုင် မီဒီယာတွေက ထုတ်ပြန်ပါတယ်။

အီရန် ၁၄၀ လို့ အမည်ပေးထားတဲ့ ဒီလေယာဉ်ဟာ ပြည်တွင်းခရီးစဉ်တွေမှာ အသုံးပြုတာဖြစ်ပြီး ဒီကနေ ထွက်ခွာပြီး မကြာခင်မှာပဲ အင်ဂျင်တစ်လုံး စက်ရပ်သွားတဲ့အတွက် လူနေအိမ်ခြေတွေကြားထဲ ပျက်ကျခဲ့တာလို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြပါတယ်။

ထွက်ခွာပြီး လေးမိနစ်အကြာမှာ လေယာဉ်မှူးက စက်ချွတ်ယွင်းမှုကို သတိပြုမိပြီး လေဆိပ်ကို ပြန်လည်ဆင်းသက်ဖို့ ကြိုးပမ်းရာမှာ ပျက်ကျခဲ့တာပါ။ လေယာဉ်ရဲ့ Black box ကိုတော့ ရှာဖွေဆဲပါ။

မီး အပြင်းအထန် လောင်ကျွမ်းခဲ့တဲ့ အတွက် သေဆုံးသူတွေ ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားမရနိုင်သေးပါဘူး။ ဒါကြောင့် DNA စစ်ဆေးပြီးမှ ဆွေမျိုးတွေကို အကြောင်းကြားမယ်လို့ အီရန် ရုပ်မြင်သံကြားက ကြေညာပါတယ်။

အီရန်နိုင်ငံဟာ သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ လေယာဉ်တွေကို သုံးနေရပြီး စီးပွားရေးပိတ်ဆို့တာခံနေရတဲ့အတွက် ပုံမှန်ထိန်းသိမ်းဖို့ လေယာဉ် အပိုပစ္စည်းတွေ အမေရိကန်နဲ့ ဥရောပက ဝယ်ဖို့ ခက်ခဲတဲ့အတွက် အခုလို လေယာဉ်ပျက်ကျမှုတွေ မကြာခဏ ဖြစ်ပွားနေရကြောင်း နိုင်ငံရေး သမားတွေက အပြစ်တင်နေပါတယ်။

XS
SM
MD
LG