သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ပြည်တွင်း လေယာဉ်ပျက်ကျမှု ၆၆ ဦးသေဆုံး


Aseman လေကြောင်းလိုင်း
Aseman လေကြောင်းလိုင်း

အီရန် ပြည်တွင်း ပျံသန်းတဲ့ လေယာဉ်တစင်း Zagros တောင်တန်းတွေပေါ်မှာ ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၆၆ ဦး စလုံး သေဆုံးခဲ့ရပါတယ်။ လေယာဉ်ပေါ်မှာ ကလေးငယ် တဦး အပါအဝင် ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါသွားကြောင်း Aseman လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်း မြို့တော် Tehran ကနေ ကီလိုမီတာ ၅၆၀ လောက် ဝေးတဲ့ Isfahan ပြည်နယ် Yasuj မြို့ကို ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျရာ ဒေသကို ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ထားကြောင်း အီရန် လခြမ်းနီ အသင်းက ပြောပါတယ်။ ဒါပေမယ့် ရာသီဥတု ဆိုးရွားနေပြီး လေယာဉ်ပျက်ကျရာ ဒေသ အနီးကို ရဟတ်ယာဉ်တွေ ဆင်းလို့ မရ ဖြစ်နေပါတယ်။

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆယ်စုနှစ်တွေနဲ့ချီ ချမှတ်ခံထားရတဲ့ အီရန်နိုင်ငံမှာ လေကြောင်းလိုင်းတွေ အနေနဲ့ လေယာဉ် အဟောင်းတွေနဲ့သာ လုပ်ကိုင်နေကြရပြီး ဒီဘက် နှစ်ပိုင်းတွေမှာ မတော်တဆ ဖြစ်မှုတွေ တိုးလာခဲ့ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ၂၀၁၅ ခုနှစ်မှာ အီရန် နျူးကလီးယာ အရေး သဘောတူညီချက် ရပြီးနောက်ပိုင်းမှာတော့ အီရန်ဘက်က လေယာဉ်သစ်တွေ ဝယ်ယူရေး သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးထားပါတယ်။

XS
SM
MD
LG