သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲတွေ ဖြစ်ပွား


တီဟီရန်မြို့က ပေါင်မုန့်အရောင်းဆိုင်တခုမှာ ကြည့်ရှုနေတဲ့ အီရန်အမျိုးသမီးတဦး။ (မေ ၁၁၊ ၂၀၂၂)
တီဟီရန်မြို့က ပေါင်မုန့်အရောင်းဆိုင်တခုမှာ ကြည့်ရှုနေတဲ့ အီရန်အမျိုးသမီးတဦး။ (မေ ၁၁၊ ၂၀၂၂)

(Zawgyi / Unicode)

အီရန်နိုင်ငံမှာ စားသောက်ကုန်ဈေးနှုန်းတွေ အကြီးအကျယ် မြင့်တက်မှုကြောင့် စနေနေ့က မြို့အတော်များများမှာ ဆန္ဒပြခဲ့ကြတာကို လူမှုကွန်ရက်တွေမှာ တွေ့မြင်ကြရပါတယ်။

နိုင်ငံအနောက်တောင်ပိုင်းက ဆန္ဒပြပွဲတခုမှာတော့ လူတဦးသေဆုံးကြောင်း အီရန် လွှတ်တော်အမတ်တဦးက ဒေသခံ မီဒီယာတခုကို ပြောဆိုထားပါတယ်။

ဂျုံ ပြည်ပတင်သွင်းမှုမှာ အစိုးရက တစိတ်တပိုင်း ကျခံပေးနေတာကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ဖြတ်တောက်လိုက်တာကြောင့် ဂျုံနဲ့လုပ်တဲ့ စားသောက်ကုန် ဈေးနှုန်းတွေက ၃၀၀ ရာခိုင်နှုန်းထိ ဈေးတက်သွားတာကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။

သမ္မတ Ebrahim Raisi အစိုးရက စားဆီနဲ့ နို့ထွက်ပစ္စည်းတွေလို အခြေခံ ကုန်စည်တွေကိုလည်း ဈေးနှုန်းတိုးမြှင့်လိုက်ပါတယ်။

မြောက်ပိုင်းမြို့ Rasht၊ နိုင်ငံအလယ်ပိုင်းက Farsan နဲ့ အရှေ့မြောက်ပိုင်းက Neyshabur မြို့တို့မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာကို လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။

နိုင်ငံအနောက်တောင်ပိုင်း ရေနံထုတ်လုပ်ရာ Khuzestan ပြည်နယ်က Dezful မြို့က ဆန္ဒပြချီတက်ပွဲတွေမှာ လူတဦးသေဆုံးကြောင်း ဒေသခံ လွှတ်တော်အမတ် Ahmad Avai က အစိုးရအာဘော် ILNA သတင်းအေဂျင်စီကို ပြောဆိုထားပါတယ်။

Dezful မြို့မှာ ခန့်မှန်းခြေ လူပေါင်း ၃၀၀ လောက်ကို လုံခြုံရေးတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီး ကြာသပတေးနေ့ နှောင်းပိုင်းမှာ ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အစောပိုင်းမှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)









XS
SM
MD
LG