သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်က လွှတ်ပေးတဲ့ ကန်အကျဉ်းသား မိသားစုနဲ့ ပြန်ဆုံဆည်း


အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အကြား အကျဉ်းသားဖလှယ်ရေး အစီအစဉ်နဲ့ အီရန်အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့အတွက် သူ့အနေနဲ့ အရမ်းကံကောင်းတဲ့သူလို့ ယူဆကြောင်း အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း Amir Hekmati က ပြောပါတယ်။

သူ့အနေနဲ့ အသက်ရှင်သူတဦးအဖြစ် ပထမဆုံးအကြိမ် ခံစားရကြောင်း၊ အသစ်တဖန် ပြန်လည် မွေးဖွားသူတဦးလို ဖြစ်နေကြောင်း Hekmati က အကျဉ်းထောင်က လွတ်လာပြီး အင်္ဂါနေ့က ပထမဆုံးအကြိမ် ပြောကြားတဲ့အထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတနဲ့ ကွန်ဂရက်လွှတ်တော် အပါအဝင် အားလုံးက သူ့ကိစ္စကို ထောက်ခံအားပေးကြသူတွေအတွက် သူ့အနေနဲ့ စိတ်ခံစားရကြောင်း သူက ဆက်ပြောပါတယ်။

သူ့အနေနဲ့ ထောင်ထဲမှာပဲ ၁၀ နှစ်လုံးလုံး အကျဉ်းကျနေတော့မယ်လို့ ခံယူထားပြီးဖြစ်တာကြောင့် အခုလို အစိုးရက သူနဲ့ တခြား အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် လုပ်ပေးတဲ့အပေါ် အံ့အားသင့်မိသလို အမှန်တကယ် ကံကောင်းသူတဦးအဖြစ် ခံစားရကြောင်း Hekmati က ပြောပါတယ်။

သူတို့ ပြန်လွတ်မယ့်အကြောင်း ကြိုတင် အသိပေးတာမျိုး မရှိခဲ့ဘူးလို့ အသက် ၃၂ နှစ်အရွယ် Amir Hekmati က ပြောပါတယ်။

XS
SM
MD
LG